*ကောင်မလေးရေ
နင့်မျက်ဝန်းအကြည့်တွေ
ငါ့ရင်မှာမေ့မရဘူးတဲ့...
ကောင်ကလေးရေ
နင့်ရဲ့ ရင်ထဲက
မြတ်မြတ်နိုးနိုးနဲ့
ငါ့ကိုအမြဲချစ်နေတာကိုး
ငါလည်းနင်နဲ့ထပ်တူဆိုတော့
ငါ့မျက်ဝန်းမှာ
နင့်ကိုချစ်နေတာကို
နင့်နှလုံးသားကသိနေတယ်လေ
ငါလည်းမေ့မရသလို
နင်လည်းမေ့မရဘူးပေါ့...
*ကောင်မလေးရေ
နင့်စကားသံလေးတွေက
စွဲစွဲလန်းလန်းဖြစ်ရလောက်အောင်
ငါ့ကို ရစ်တွယ်နှောင်ဖွဲ့လေပြီလေကွာတဲ့...
ကောင်ကလေးရေ
နင့်ရင်ထဲမှာ
ငါပြောသမျှကို
ထာဝစဉ်သိမ်းထားချင်လောက်အောင်
နင်ကချစ်တာကိုး
ငါလည်းနင်နဲ့ထပ်တူဆိုတော့
နင့်ကိုချစ်နေတာကို
နင့်နှလုံးသားကသိနေတယ်လေ
ငါလည်းမြတ်နိုးနှောင်ဖွဲ့ရစ်တွယ်သလို
နင်လည်းမြတိနိုးနှောင်ဖွဲ့ရစ်တွယ်တာပေါ့....
*ကောင်မလေးရေ
ငါ့နှလုံးသားမှာ
နင်ကအမြဲရှင်သန်နေတာတဲ့...
ကောင်ကလေးရေ
နင့်ရဲ့မြတ်နိုးမှုတွေ
နင့်ရဲ့ကြင်နာမှုတွေ
နင့်ရဲ့ဂရုစိုက်မှုတွေ
နင့်ရဲ့ချစ်တတ်မှုတွေ
နင့်ရဲ့သစ္စာတရားတွေနဲ့
နင်ကချစ်တာကိုး
ငါလည်းနင်နဲ့ထပ်တူဆိုတော့
နင့်ကိုချစ်နေတာကို
နင့်နှလုံးသားကသိနေတယ်လေ
ငါလည်းနင့်ကိုအရမ်းချစ်နေမိတဲ့အတွက်
ငါ့နှလုံးသားလွင်ပြင်မှာ
နင်အမြဲရှင်သန်နေသလို
နင့်နှလုံးသားလွင်ပြင်မှာလည်း
ငါ့ရဲ့မသေဆုံးနိုင်သော
ချစ်ခြင်းများစွာနဲ့
ထာဝရရှင်သန်နေဦးမှာပါ
ကောင်ကလေးရာ........
Snow Hninn
my own poem*58*
19.3.2014
***ကောင်ကလေးရဲ့ကောင်မလေး (သို့မဟုတ်) ကောင်မလေးရဲ့ကောင်ကလေး
No comments:
Post a Comment