သူငယ်ချင်းရေ
အဖြူရောင်လရိပ်ခိုရင်း
အဖြူရောင်တိမ်တိုက်စီးကာ
အဖြူရောင်လေညင်းသံစဉ်နားစဉ်လို့
အဖြူရောင်အနာဂတ်အိပ်မက်မက်ရင်း
အဖြူရောင်မျှော်လင့်ချက်သန့်သန့်ခူးဆွတ်ဖို့
အဖြူရောင်ငွေကြယ်စင်တွေကို
အဖြူရောင်စံပယ်ခင်းလို
မိုးပြာပြာကောင်းကင်အပြည့်မို့
နေနာရီတခြမ်း
လနာရီတခြမ်း
ပြက္ခဒိန်ပေါ်
ဖွေးဖွေးဖြူအောင်ပြေးနေသရွေ့
အဖြူရောင်နှလုံးသားပေါ်
နှင်းဆီနီပြောင်းစိုက်ဖို့မဆိုပါနှင့်လား..................
အဖြူရောင်လရိပ်ခိုရင်း
အဖြူရောင်တိမ်တိုက်စီးကာ
အဖြူရောင်လေညင်းသံစဉ်နားစဉ်လို့
အဖြူရောင်အနာဂတ်အိပ်မက်မက်ရင်း
အဖြူရောင်မျှော်လင့်ချက်သန့်သန့်ခူးဆွတ်ဖို့
အဖြူရောင်ငွေကြယ်စင်တွေကို
အဖြူရောင်စံပယ်ခင်းလို
မိုးပြာပြာကောင်းကင်အပြည့်မို့
နေနာရီတခြမ်း
လနာရီတခြမ်း
ပြက္ခဒိန်ပေါ်
ဖွေးဖွေးဖြူအောင်ပြေးနေသရွေ့
အဖြူရောင်နှလုံးသားပေါ်
နှင်းဆီနီပြောင်းစိုက်ဖို့မဆိုပါနှင့်လား..................
Snow Hninn
19.3.2014
my own poem*59*
***စံပယ်ဖြူနှလုံးသား***
No comments:
Post a Comment