Saturday, October 18, 2014

***သုံးရာသီ ဘ၀ခရီး***


အရှေ့ကိုလည်း လျှောက်ပါသည်...
အနောက်ကိုလည်း ကြည့်ပါသည်..
နွေပူဒဏ်ကို
လက်ပံပွင့်နဲ့အပြိုင်
ရဲရဲနီစွေးခဲ့တာပါ..
အထီးကျန်နွေ
ပိတောက်ဝါနဲ့
အေးမြကာအပူလျော့စေခဲ့တာပါ...
မြေနံ့သင်းသင်း
စိမ်းလန်းခင်းသည့်
မိုးသည်းသည်းထဲ
ဖြတ်သန်းခဲ့တာ
အကြိမ်ကြိမ်ပါ...
ဖြူစွတ်စွတ်နှင်းလွှာကြား
နေခြည်လေး
မကြာမကြာ
ရောက်လာတတ်တာကို
ကြုံတွေ့ရတဲ့
ဆောင်းမနက်ခင်းမျိုး
ကြုံဆုံဖူးခဲ့ပါတယ်...
ဒီလို မျိုးတွေ
ကြုံခဲ့ဖူးသလို
ခုလည်းကြုံနေဆဲ
နောင်လည်းကြုံဦးမှာပဲ
ငါတို့ရဲ့ တစ် တစ် ပေါင်းသွားတဲ့
အသက်တွေကိုထမ်းထားရင်းပေါ့
နှစ်တစ်နှစ် လက်ပြနှုတ်ဆက်လို့
နှစ်သစ်ကို ရင်ဖွင့်ကာ
လက်ကမ်းကြိုရတော့မယ်
အရှေ့ကိုလည်းလျှောက်ပါသည်...
အနောက်ကို လည်းကြည့်ပါသည်...


Snow Hninn
11.2.2014
my own poem*57*
***သုံးရာသီ ဘ၀ခရီး***

No comments: