Saturday, October 18, 2014

***ဝေးကွာခြင်းအလွန်***


ချစ်သူ...
ဝေးကွာခြင်းအလွန်ကို
ခရီးဆန့်ကြစို့နော်....

ဝေးကွာခြင်းအလွန်မှာ
ငါတို့အပြုံးပန်းနဲ့
နေ့ရက်တိုင်း
နှုတ်ခွန်းဆက်ကြမယ်နော်...

ဝေးကွာခြင်းအလွန်မှာ
ငါတို့ချစ်ခြင်းများ
အဆုံးမရှိ
ထာဝရ
ချစ်ကြရအောင်နော်...

ဝေးကွာခြင်းအလွန်မှာ
ငါတို့အိမ်မက်နန်းတော်
တူနှစ်ကိုယ်
လက်တွဲလို့
အလှပဆုံး
တည်ဆောက်ကြမယ်နော်...

ဝေးကွာခြင်းအလွန်မှာ
အလွမ်းများလွင့်ပြယ်ပြီမို့
အနမ်းများစွာ
အချစ်များစွာ
နားလည်မှုများစွာနဲ့
ချစ်ဗိမာန်လေး
ဖန်တီးကြရအောင်နော်...

ဝေးကွာခြင်းအလွန်မှာ
ဘ၀ရဲ့အခက်အခဲများစွာကို
ချစ်စွမ်းအားနဲ့
ပယ်ဖျက်ကာ
ငါတို့ဘ၀ပန်းတွေ
အလန်းဆုံးပွင့်လန်းကြမယ်နော်....

ဝေးကွာခြင်းအလွန်မှာ
ငါတို့ရဲ့တွဲလက်တွေ
ဘယ်သူဖျက်ဖျက်
မပျက်ရအောင်
မြဲမြံစွာဆုပ်ကိုင်ထားကြစို့နော်....

ဝေးကွာခြင်းအလွန်မှာ
ငါတို့ဆုံနိုင်ဖို့
လက်ရှိဘ၀ကို
တင်းတိမ်မြတ်နိုးလို့
တမ်းတခြင်းနှင့်သာ
အလွမ်းများအပြည့်နှင့်သာ
သတိရခြင်းများနှင့်သာ
နှလုံးသားမှာ
ဖြေသိမ့်တွေးရင်း
ဝေးကွာခြင်းအလွန်ကို
သွား...ကြ...ပါ....စို့.....လား..........ချစ်...သူ....



Snow Hninn
8.5.2014
my own poem*63*
***ဝေးကွာခြင်းအလွန်***

No comments: