Saturday, October 18, 2014

***အလွမ်းများငြိမ်းစေလို***


တိမ်တွေထိုင်ငိုမိတဲ့နေ့...
နေမင်းပျောက်တဲ့နေ့...
ထက်ကောင်းကင်ရင်ခွင်တစ်ခုလုံး
ပြိုးပြိုးပျက်ပျက်နဲ့ခံစားနေရတဲ့နေ့...
သက်မဲ့အရာအားလုံးယိုင်လဲပြိုတော့မယ့်နေ့...
ချစ်တေးသီငှက်တို့လွမ်းချင်းကျူးတဲ့နေ့...
လေပြေတို့ပေါက်ကွဲတဲ့နေ့...
လမင်းလေးပုန်းရှောင်တဲ့နေ့...
ကြယ်စင်တွေကိုယ်ရောင်ဖျောက်တဲ့နေ့...
နဒီမြစ်တို့အသံကုန်ဟစ်တဲ့နေ့...
ပင်လယ်လှိုင်းတို့ရင်ဖွင့်တဲ့နေ့...
အသံတိတ်ညတို့ဆူညံတဲ့နေ့...
နှုတ်ခမ်းထက်အပြုံးတို့အေးစက်အသက်မဲ့တဲ့နေ့...
မြင်လွှာတို့မျက်ရည်မိုးနဲ့လွှမ်းခြုံတဲ့နေ့...
ပင့်သက်တစ်ချက်တိုင်း
ငါ့နှလုံးအိမ်က နင့် ကို တမ်းတတဲ့နေ့...
နင့်အသံတွေလွမ်းမိုးထားတဲ့
အကြားအာရုံတွေဆွံအသွားတဲ့နေ့....
ခြေလှမ်းတိုင်း မှားယွင်းစွာလှမ်းမိတဲ့နေ့...
ဒီလိုနေ့ရက်တွေဟာ
ငါနဲ့နင်နဲ့ဝေးတဲ့နေ့ကစခဲ့တာပါ...
ငါ့နေ့ရက်တွေတိုင်းမှာ
ငါ့ကမ္ဘာဟာ
ချောက်ချားကမ္ဘာဖြစ်သွားခဲ့တာမို့
ဒီနေ့ရက်တွေကုန်ဆုံးဖို့
နင်ငါ့ဆ်ီပြန်လာပါတော့
ငါ...ရူး...မ...တတ်...လွမ်း...နေ...လို့...ပါ...


Snow Hninn
my own poem*62*
3.5.2014
***အလွမ်းများငြိမ်းစေလို***

No comments: