Saturday, October 18, 2014

***မေမေသို့တမ်းချင်း***






* အနုပညာမဆန်စွာ
  အကွေ့အကောက်
  အတားအဆီးများသည့်
  ဤဘ၀ခရီးမှာ
  အပြုံးမပျက်
  အားမာန်မလျော့
  ဇွဲအပြည့်နှင့်သာ
  ပန်းပျိုးသူပမာ
  ဂရုတစိုက်နှင့်
  လမ်းကြောင်းပေးသူမှာ
  ချစ်သောမေမေပါ....

* ပုံသေမသတ်မှတ်နိုင်တဲ့
  ဘ၀ကျားကွက်မှာ
  လိုအပ်ရင် နေရာရွှေ့ရသည်မို့
  မေမေနဲ့ခွဲရသည့်
  ဘ၀နေ့ရက်တွေလဲ ရှိပါရဲ့
  အဝေးရောက်နေတဲ့နေ့ရက်မှာ
  မေမေကို သတိရတယ် မေမေ....

* အချိန်ဆိုတာ
  တိမ်လိုပါပဲလွင့်ပျောက်မြန်ပါတယ်
  ကုန်လွန်ခဲ့တဲ့အတိတ်များမှာမှ
  မေမေနဲ့တူတူနေရတဲ့ချိန်ကို
  အဝေးရောက်သမီးက
  ပိုပြီးသတိရမိတယ် မေမေ...

* မေမေ့နေရက်တိုင်း
  ပျော်ရွှင်စွာဖြတ်သန်းပါနော်
  ဘ၀ဒါရိုက်တာက
  ပြန်ဆုံခွင့်ပေးသည့်
  အနာဂတ်မှ
  အချိန်တစ်ချိန်လေးကို
  အပြုံးမလွင့်
  မျှော်တလင့်လင့်နဲ့
  သမီးစောင့်မျှော်နေလျက်ပါ မေမေ...

* နေမင်းလည်းသူ့တာဝန်ထမ်း
   လမင်းလည်းသူ့တာဝန်ထမ်း
   ကြယ်လေးတွေလည်း
   ကိုယ်စီတာဝန်တွေနဲ့
   မေမေ့ဆီအရောက်ပြန်လာရမယ့်
   တာဝန်သမီးဆောင်ရွက်နေရင်း
   မေမေ့ကို သတိရတမ်းတမိတယ် မေမေ...

*  မေမေ့အားပေးမှုတွေက
   ကဗျာမဆန်တဲ့
   သမီးရဲ့တမ်းတမှုတွေကို
   လွမ်းမိုးနေပါရဲ့...
   မေမေ့အကြင်နာတွှေက
   မညီညာတဲ့
   ရုန်းကန်မှုတွေကြားက
   သမီးရဲ့ သတိရမှုတွေကို
   စိုးမိုးနေပါရဲ့..
   မေမေ့အကြင်နာတွှေရယ်
   မေမေ့ချစ်ခြင်းတွေရယ်
   မေမေ့နားလည်မှုတွေက
   မပီပြင်သေးတဲ့
   အနာဂတ်လမ်းခရီး
   လျှောက်လှမ်းနေရင်းကြားက
   သမီးရဲ့  မျှော်လင့်မှုတွေကို
   ခွန်အားတစ်ခုဖြစ်စေပါရဲ့...မေမေ

 * အနိမ့်အမြင့်
   အတက်အကျ
   အဝေးအနီး
   မတူညီစွာ
   ပေါင်းစပ်ထားတဲ့
   ဒီလောကဓံကြားက
   မေမေ့ကို သမီး သတိရတယ်မေမေ.........

  
 
ဒီနေ့မှာကျရောက်တဲ့အမေများနေ့ကို
ဂုဏ်ပြုသောအားဖြင့်
ဒီကဗျာလေးကို
ရင်မှာနက်ရှိုင်းစွာခံစားရင်း
ရေးဖွဲ့သီကုံးပြီး
အဝေးက နှင်း ရဲ့မေမေ ကိုကန်တော့လိုက်ပါတယ်...
 


Snow Hninn
11.5.2014
my own poem*64*
***မေမေသို့တမ်းချင်း***

No comments: