Saturday, October 25, 2014

***ရင်ခွင်ပျောက်ကော်ဖီ***

နင်ငါ့ရင်ခွင်ကနေ
ထွက်ခွါတဲ့နေကစ.....
ငါကော်ဖီမသောက်တော့ဘူး..............

နင်မရှိတော့တဲ့
ငါ့နေရက်တွေတိုင်း
ကော်ဖီရဲ့ ခါးသက်ခြင်းမှာ
ငါ မပျော်ဝင်ချင်တော့လို့
ကော်ဖီလည်း ထပ်မသောက်ဘူး....

ကော်ဖီရဲ့မွှေးပျံ့မှုလည်း
မခံစားတော့ဘူး
နင်မှမရှိတော့တာ........

နေရောင်အောက်မှာ
အငွေ့တထောင်းထောင်းနဲ့
သင်းပျံ့နေတဲ့ကော်ဖီကို
ငါမသောက်လိုတော့ဘူး
နင်မှမရှိတာဟာ...........

ကြယ်တွေကြွေလင့်တိုင်း
ကော်ဖီခွက်ကလေးကိုင်
ထိုင်ငေးရင်း
ရင်တွင်းဆုတောင်း
ခြွေမိတဲ့ညမျိုးရဲ့
ရသမျိုးမတမ်းတချင်လို့
ကော်ဖီကိုငါမေ့ထားလေရဲ့
နင့်ကိုသတိရမိမှာစိုးလို့ပါဟာ...........

ကော်ဖီကို
မိုးစိမ့်စိမ့်နေ့တွေမှာ
တရှိုက်မက်မက်သောက်လေ့ရှိတဲ့ငါ
ကော်ဖီစိမ့်စိမ့်
ကော်ဖီခါးခါးဆိုတာ
ဘယ်လိုများလဲနော်
မေးရတော့မလိုလိုဖြစ်ပေမယ့်
ငါနင့်ကိုတော့မေ့မရပါလားဟင်...........

အငြိမ်းစားရနေတဲ့
ငါ့မှန်ဗီဒိုထဲက
ခွက်လှလှလေးတွေ
ရက်အပတ်များစွာမှာ
ခေါ်သူမဲ့ဘ၀ရောက်လို့
ပစ္စုပ္ပန်တည့်တည့်ပေါ်မှာ
အိပ်ပျော်နေတာကြာပြီလေ
ဒါပေမယ့်
ငါ့အိပ်မက်မှာ
နင်နဲ့ငါ
ကော်ဖီဆက်သောက်နေပါလားဟာ..........

ဒိုင်ယာရီမှတ်တမ်းလည်း
ကော်ဖီရနံ့
ပျောက်လွင့်နေတာ
ငါကော်ဖီမသောက်တော့ကတည်းက
သတိရလို့
စာရွက်တွေလှန်မိတိုင်း
စာရွက်လှန်သံတွေ
လေလှိုင်းကြားမှာ
ကော်ဖီခြေရာသံလေးတောင်
မ၀င်စွက်တော့တာမို့
မကြားတော့လေပြီလေ.........

ဒီလိုဒီလိုနဲ့
ငါ့လက်ဝဲရင်အုံမှာ
နင်လည်းခြေရာဖျောက်
ငါလည်းကော်ဖီမသောက်
ကော်ဖီလေးလည်းမပေါ်လာပျောက်......

ငါကော်ဖီမသောက်တော့ပြီ
ငါကော်ဖိမသောက်တော့ပါ
ငါကော်ဖီ...........
ငါကော်ဖီ............
ငါ....................................။


Snow Hninn
My own poem*79*
4.9.2014
***ရင်ခွင်ပျောက်ကော်ဖီ***

No comments: