ခေတ်ကြီးကိုအရည်ဖျော်ကြည့်တော့
လရောင်ဆမ်းတဲ့လမ်းမမှာ
ဝမ်းတစ်ထွာတွက်
အပြေးအလွှား
ပါးပြင်ပေါ်မှ
ကျောပြင်ပေါ်မှ
ချွေးစက်တွေ
ကြယ်ရောင်အောက်မှာ
တဖိတ်ဖိတ်တောက်နေတော့
ခေတ်ကြီးကငန်ကျိကျိပေါ့....................
ခေတ်ကြီးကိုပုံဖော်ကြည့်လိုက်တော့
ယဉ်ကျေးမှုတွေ
ခရီးဆန့်နေလိုက်တာ
ကမ္ဘာကိုတစ်ပတ်ပြီးတစ်ပတ်
ရေစီးကြောင်းပဲ
ကြမ်းတမ်းစွာစီးသန်သလား
စိမ့်ဝင်မှုတွေပဲမြန်နေသလား
ံအစားထိုးယဉ်ကျေးမှုတွေပဲအလဲထိုးလိုက်သလားပဲ
ခေတ်ကြီးကတိုနှံ့နှံ့ဒီဇိုင်းနဲ့ပေါ့.............
ခေတ်ကြီးကိုတီးခေါက်ကြည့်လိုက်တော့
မေတ္တာတေးသံမထွက်
မေတ္တာကြိုးလေးပြတ်ကာထွက်
ငြိမ်းချမ်းတေးသွားနရီပျက်
အတ္တတေးသွား
ဗလောင်ဆူလျက်
ကူရာမဲ့လက်တွေ
ချိုးငှက်တမ်းတတေးတွေနဲ့မို့
ခေတ်သံကြီးကြေကွဲသံနဲ့ပေါ့.....
ခေတ်ကြီးကိုလှမ်းကြည့်လိုက်တော့
လွတ်လပ်မှုကိုအလုအယက်ရှာနေတာလား
ကျဉ်းကြပ်ထဲမလူးသာမလွန့်သာတွန့်လိမ်နေတာလား
မျှော်လင့်နေတဲ့မျက်ဝန်းအစုံတွေရယ်
ရှစ်ခေါက်ချိုးမျက်နှာပေးမှာ
မချိပြုံးလေးဆောင်ရင်း
မကျေချမ်းမှုကိုရင်မှာသိုဝှက်ရင်း
ခေတ်ကြီးဟာသတွေဆေးထိုးရင်းကလိထိုးပြုံးနေလေရဲ့....
ခေတ်ကြီးကိုခွဲခြမ်းကြည့်တော့
ရုန်းရင်းကန်ရင်းကြားမှာ
ပျော်ရွှင်ခြင်းဟာပျောက်ဆုံးနေတယ်
တိုက်ရင်းခိုက်ရင်းကြားမှာ
ငြိမ်းချမ်းရေးဟာပျောက်ဆုံးနေတယ်
ရှာရင်းဖွေရင်းကြားမှာ
ပြည့်စုံမှုဟာပျောက်ဆုံးနေတယ်
ငြင်းရင်းခုံရင်းကြားမှာ
အမှန်တရားဟာပျောက်ဆုံးနေတယ်
မာနတွေအတ္တတွေကြီးထွားမှုကြားမှာ
မေတ္တာတရားဟာပျောက်ဆုံးနေတယ်
ဆင်းရဲခြင်းနဲ့ချမ်းသာခြင်း
ဝမ်းနည်းခြင်းနဲ့ပျော်ရွှင်ခြင်းတွေ
မတရားမှုနဲ့မျှတမှုတွေ
ရန်သူနဲ့မိတ်ဆွေတွေ
စစ်နဲ့ငြိမ်းချမ်းရေးတွေ
အချိုးမမျှစွာနဲ့မို့
ခေတ်ကြီးမှာမကောင်းမှုတွေနဲ့လေးလံနေလေရဲ့.....
တောင်းတဲ့ဆုတိုင်းပြည့်ရကြေးဆို
လူသားအားလုံးတွက်
ခေတ်...ကြီး...ကို...ဆုတောင်းပုံဖော်ပေးချင်ရဲ့
စာနာမှုနဲ့ခေတ်ကြီးသာဖြစ်ပါစေ
မေတ္တာထုံမွှမ်းတဲ့ခေတ်ကြီးသာဖြစ်ပါစေ
အမိမြေရဲ့ယဉ်ကျေးမှုသာထွန်းကားသောခေတ်ကြီးသာဖြစ်ပါစေ
ငြိမ်းချမ်းမှုအပြည့်နဲ့ခေတ်ကြီးသာဖြစ်ပါစေ
ခွဲခြားမှုကင်းတဲ့ခေတ်ကြီးသာဖြစ်ပါစေ
မျှတမှုသာကြီစိုးတဲ့ခေတ်ကြီးသာဖြစ်ပါစေ
သစ္စာတရားလက်ကိုင်ထားတဲ့လူသားတွေရှိတဲ့ခေတ်ကြီးသာဖြစ်ပါစေ...
...ဖြစ်ပါစေ...
...ဖြစ်ပါစေ...
...ဖြစ်ပါစေ....
ဒီဆန္ဒများပုံရိပ်သွင်သာမဟုတ်ပါပဲ
အမှန်စင်စစ်ဖြစ်တည်လာပါစေ..............
လရောင်ဆမ်းတဲ့လမ်းမမှာ
ဝမ်းတစ်ထွာတွက်
အပြေးအလွှား
ပါးပြင်ပေါ်မှ
ကျောပြင်ပေါ်မှ
ချွေးစက်တွေ
ကြယ်ရောင်အောက်မှာ
တဖိတ်ဖိတ်တောက်နေတော့
ခေတ်ကြီးကငန်ကျိကျိပေါ့....................
ခေတ်ကြီးကိုပုံဖော်ကြည့်လိုက်တော့
ယဉ်ကျေးမှုတွေ
ခရီးဆန့်နေလိုက်တာ
ကမ္ဘာကိုတစ်ပတ်ပြီးတစ်ပတ်
ရေစီးကြောင်းပဲ
ကြမ်းတမ်းစွာစီးသန်သလား
စိမ့်ဝင်မှုတွေပဲမြန်နေသလား
ံအစားထိုးယဉ်ကျေးမှုတွေပဲအလဲထိုးလိုက်သလားပဲ
ခေတ်ကြီးကတိုနှံ့နှံ့ဒီဇိုင်းနဲ့ပေါ့.............
ခေတ်ကြီးကိုတီးခေါက်ကြည့်လိုက်တော့
မေတ္တာတေးသံမထွက်
မေတ္တာကြိုးလေးပြတ်ကာထွက်
ငြိမ်းချမ်းတေးသွားနရီပျက်
အတ္တတေးသွား
ဗလောင်ဆူလျက်
ကူရာမဲ့လက်တွေ
ချိုးငှက်တမ်းတတေးတွေနဲ့မို့
ခေတ်သံကြီးကြေကွဲသံနဲ့ပေါ့.....
ခေတ်ကြီးကိုလှမ်းကြည့်လိုက်တော့
လွတ်လပ်မှုကိုအလုအယက်ရှာနေတာလား
ကျဉ်းကြပ်ထဲမလူးသာမလွန့်သာတွန့်လိမ်နေတာလား
မျှော်လင့်နေတဲ့မျက်ဝန်းအစုံတွေရယ်
ရှစ်ခေါက်ချိုးမျက်နှာပေးမှာ
မချိပြုံးလေးဆောင်ရင်း
မကျေချမ်းမှုကိုရင်မှာသိုဝှက်ရင်း
ခေတ်ကြီးဟာသတွေဆေးထိုးရင်းကလိထိုးပြုံးနေလေရဲ့....
ခေတ်ကြီးကိုခွဲခြမ်းကြည့်တော့
ရုန်းရင်းကန်ရင်းကြားမှာ
ပျော်ရွှင်ခြင်းဟာပျောက်ဆုံးနေတယ်
တိုက်ရင်းခိုက်ရင်းကြားမှာ
ငြိမ်းချမ်းရေးဟာပျောက်ဆုံးနေတယ်
ရှာရင်းဖွေရင်းကြားမှာ
ပြည့်စုံမှုဟာပျောက်ဆုံးနေတယ်
ငြင်းရင်းခုံရင်းကြားမှာ
အမှန်တရားဟာပျောက်ဆုံးနေတယ်
မာနတွေအတ္တတွေကြီးထွားမှုကြားမှာ
မေတ္တာတရားဟာပျောက်ဆုံးနေတယ်
ဆင်းရဲခြင်းနဲ့ချမ်းသာခြင်း
ဝမ်းနည်းခြင်းနဲ့ပျော်ရွှင်ခြင်းတွေ
မတရားမှုနဲ့မျှတမှုတွေ
ရန်သူနဲ့မိတ်ဆွေတွေ
စစ်နဲ့ငြိမ်းချမ်းရေးတွေ
အချိုးမမျှစွာနဲ့မို့
ခေတ်ကြီးမှာမကောင်းမှုတွေနဲ့လေးလံနေလေရဲ့.....
တောင်းတဲ့ဆုတိုင်းပြည့်ရကြေးဆို
လူသားအားလုံးတွက်
ခေတ်...ကြီး...ကို...ဆုတောင်းပုံဖော်ပေးချင်ရဲ့
စာနာမှုနဲ့ခေတ်ကြီးသာဖြစ်ပါစေ
မေတ္တာထုံမွှမ်းတဲ့ခေတ်ကြီးသာဖြစ်ပါစေ
အမိမြေရဲ့ယဉ်ကျေးမှုသာထွန်းကားသောခေတ်ကြီးသာဖြစ်ပါစေ
ငြိမ်းချမ်းမှုအပြည့်နဲ့ခေတ်ကြီးသာဖြစ်ပါစေ
ခွဲခြားမှုကင်းတဲ့ခေတ်ကြီးသာဖြစ်ပါစေ
မျှတမှုသာကြီစိုးတဲ့ခေတ်ကြီးသာဖြစ်ပါစေ
သစ္စာတရားလက်ကိုင်ထားတဲ့လူသားတွေရှိတဲ့ခေတ်ကြီးသာဖြစ်ပါစေ...
...ဖြစ်ပါစေ...
...ဖြစ်ပါစေ...
...ဖြစ်ပါစေ....
ဒီဆန္ဒများပုံရိပ်သွင်သာမဟုတ်ပါပဲ
အမှန်စင်စစ်ဖြစ်တည်လာပါစေ..............
Snow Hninn
my own poem*80*
12.9.2014
***ဆန္ဒလေးများ***
No comments:
Post a Comment