ရေဆန်ခရီး
ပီပီပြင်ပြင်စီးဆင်းနိုင်ဖို့
အမိသိုက်မှ
ဝေးတစ်နေရာသို့
သမီး ပျံသန်းခဲ့ပါပြီ...
မခွဲအတူ
နေချင်မိတဲ့
သမီးဆန္ဒ
နှလုံးသားမှာ
ခေါက်ကာသိမ်းဆည်း
သမီး ခရီးဆက်ခဲ့တာပါ...
အနာဂတ်စိတ်ကူး
ပုံဖော်ကျူးရင်း
နာရီလက်တံ
တစ်ပတ်ပြီးတစ်ပတ်
ပြက္ခဒိန်စာရွက်တွေ
တစ်ရွက်ပြီးတစ်ရွက်
ဘ၀ခရီးကို
မလျော့သောဇွဲ
မသေသောရည်မှန်းချက်
အဆုံးမဲ့ကြိုးစားမှုတွေနဲ့
သမီး လျှောက်လှမ်းနေဆဲပါ...
အိမ်မက်တွေ
ဖန်တီးထုဆစ်ရင်း
မွေးရပ်ဝေးရာ
အိပ်မက်လွင်ပြင်မှာ
သမီး အိမ်လွမ်းမိရင်
မျက်ရည်လေး
တိတ်တိတ်ကလေးကျပါရစေ..............
တစ်ခါတစ်ခါ
အပြေးတစ်ပိုင်းနဲ့
ပြေးလာချင်မိတဲ့
သမီး အိမ်လွမ်းစိတ်လေးကို
စိတ်ကူးထဲမှာ
ပြေးပြေးလာခွင့်ပြုပါ..........
နိစ္စဓူဝရပ်တည်မှုမှာ
ပိုင်ဆိုင်မှုလေး
သေးသေးလေးရတဲ့
ည...ည...ည...တွေမှာ
အိမ်လွမ်းကဗျာလေးတွေ
သမီး မျက်ရည်ပွင့်နဲ့
ခြယ်မှုန်းပါရစေ.....
ဖေဖေနေကောင်းပါစေ
မေမေနေကောင်းပါစေ
သမီး
တိုးတိတ်ဆုတောင်းရင်း
တဆစ်ဆစ်နာနေတဲ့
ရင်ဘတ်တစ်ခြမ်းထဲ
အိမ်လွမ်းစိတ်ကူးတွေ
ညစဉ်ညစဉ်ပဲ
အိမ်မက်လေးနဲ့
ဖြေသိမ့်ပါရစေ....
အိမ်မက်လေးမှာ
ဖေဖေအပြုံးမြင်ပါရစေ
အိမ်မက်လေးမှာ
မေ့မေ့ရင်ခွင်နွေးနွေး
ခိုလှုံပါရစေ...လို့
ဆုတောင်းမိတာ
အကြိမ်ကြိမ်အခါခါ...
တိုးတိုးတိတ်တိတ်လေးကျလိုက်မိတာ
သမီး မျက်ရည်တွေ
ခဏ...ခဏ...ခ.....ဏ........ပါ..........
ပီပီပြင်ပြင်စီးဆင်းနိုင်ဖို့
အမိသိုက်မှ
ဝေးတစ်နေရာသို့
သမီး ပျံသန်းခဲ့ပါပြီ...
မခွဲအတူ
နေချင်မိတဲ့
သမီးဆန္ဒ
နှလုံးသားမှာ
ခေါက်ကာသိမ်းဆည်း
သမီး ခရီးဆက်ခဲ့တာပါ...
အနာဂတ်စိတ်ကူး
ပုံဖော်ကျူးရင်း
နာရီလက်တံ
တစ်ပတ်ပြီးတစ်ပတ်
ပြက္ခဒိန်စာရွက်တွေ
တစ်ရွက်ပြီးတစ်ရွက်
ဘ၀ခရီးကို
မလျော့သောဇွဲ
မသေသောရည်မှန်းချက်
အဆုံးမဲ့ကြိုးစားမှုတွေနဲ့
သမီး လျှောက်လှမ်းနေဆဲပါ...
အိမ်မက်တွေ
ဖန်တီးထုဆစ်ရင်း
မွေးရပ်ဝေးရာ
အိပ်မက်လွင်ပြင်မှာ
သမီး အိမ်လွမ်းမိရင်
မျက်ရည်လေး
တိတ်တိတ်ကလေးကျပါရစေ..............
တစ်ခါတစ်ခါ
အပြေးတစ်ပိုင်းနဲ့
ပြေးလာချင်မိတဲ့
သမီး အိမ်လွမ်းစိတ်လေးကို
စိတ်ကူးထဲမှာ
ပြေးပြေးလာခွင့်ပြုပါ..........
နိစ္စဓူဝရပ်တည်မှုမှာ
ပိုင်ဆိုင်မှုလေး
သေးသေးလေးရတဲ့
ည...ည...ည...တွေမှာ
အိမ်လွမ်းကဗျာလေးတွေ
သမီး မျက်ရည်ပွင့်နဲ့
ခြယ်မှုန်းပါရစေ.....
ဖေဖေနေကောင်းပါစေ
မေမေနေကောင်းပါစေ
သမီး
တိုးတိတ်ဆုတောင်းရင်း
တဆစ်ဆစ်နာနေတဲ့
ရင်ဘတ်တစ်ခြမ်းထဲ
အိမ်လွမ်းစိတ်ကူးတွေ
ညစဉ်ညစဉ်ပဲ
အိမ်မက်လေးနဲ့
ဖြေသိမ့်ပါရစေ....
အိမ်မက်လေးမှာ
ဖေဖေအပြုံးမြင်ပါရစေ
အိမ်မက်လေးမှာ
မေ့မေ့ရင်ခွင်နွေးနွေး
ခိုလှုံပါရစေ...လို့
ဆုတောင်းမိတာ
အကြိမ်ကြိမ်အခါခါ...
တိုးတိုးတိတ်တိတ်လေးကျလိုက်မိတာ
သမီး မျက်ရည်တွေ
ခဏ...ခဏ...ခ.....ဏ........ပါ..........
my own poem*78*
28.8.2014
***အိမ်လွမ်းသူ***
No comments:
Post a Comment