Thursday, September 25, 2014

***ဆွေးမြေ့နှလုံးသား***

မင်းနဲ့ငါကဆုံစည်းဖို့ရာက
သုံးနဲ့လေးပမာဖြစ်နေလို့...
ငါ့အတွေးတွေက
အဆွေးကမ္ဘာမှာ
တစ်ဘ၀စာ
အကျဉ်းကျနေရပြီ...ချစ်သူ...
ငါ့နှလုံးသားလေး
တမ်းဆွေးမြေ့လို့
လွမ်းမိုးရယ်စွေမစဲ
မိုးသည်းနေစဲပါ...ချစ်သူ...
အသံတိတ်မျက်ရည်တွေလည်း
ကျိတ်မှိတ်ကာပေါက်ကွဲ
လှိမ့်ဆင်းလာလိုက်တာ
ပါးပြင်ထက်မှာ
မျက်ရည်မြစ်နှစ်စင်း
ပြိုင်လို့သာဆင်းနေရပြီ...ချစ်သူ...
ငါ့တစ်နေ့တာမှာ
ရူးသွပ်စွာနဲ့
အခါခါခေါ်နေမိတာလည်း
မင်းအမည်တစ်ခုပါ...ချစ်သူ
ငါ့ရဲ့မပီပြင်ခဲ့ရတဲ့
မပြီးဆုံးခဲ့ရတဲ့
မျှော်လင့်မိခဲ့တဲ့
အနာဂတ်ဗိမာန်လည်း
လက်တွေ့မှာဆောက်ခွင့်မရတော့
အိပ်မက်ထဲမှာပဲ
ဆက်ဆောက်နေဆဲပါပဲ....ချစ်သူ...


Snow Hninn
14.7.2013
***ဆွေးမြေ့နှလုံးသား***
my own poem*27*

No comments: