မိုးတွေကလည်းကွာ ...
ငါ့ကိုအကြောင်းမကြားပဲ
သည်းနေလိုက်တာ...
ငါ့စိတ်ကိုအတိတ်ဆီ
သယ်နေပါလားနော်...
ဖြစ်သမျှ ဟာ
ဒီနေ့ဖြစ်သလိုပါပဲကွာ
အချစ်ရေ
မင်းမပါပဲ
ကိုယ်တစ်ယောက်တည်း
မိုးသည်းထဲလွမ်းနေရတာ
မမျှတလိုက်တာနော်
မိုး...မိုး...မိုး...
မိုးစက်တစ်ခုဆီမှာ
မင်းပုံရိပ်တွေပါလားနော်
မိုးစက်တစ်စက်စီမှာ
ငါ့သတိရခြင်းတွေပြည့်နေလို့
မိုး..မိုး...မိုး...
ငါ့ချစ်သူလေးဆီပို့ဆောင်ပေးပါလား...
မိုး...မိုး...မိုး...
ငါ့အလွမ်းမိုးတွေ
ရင်ထဲကအလွမ်းမိုးတွေမစဲတော့ဘူးကွယ်...
Snow Hninn
1.6.2013
***မိုး***
my own poem*26*
No comments:
Post a Comment