အတွေးလေးတွေဖြန့်ကျက်
အလွမ်းငွေ့တွေရောစွက်.....
တမ်းတမှုတွေက
အသက်ရှုတိုင်း
အ၀င်အထွက်ပါနေရ...
နှလုံးသားအာရုံမှာ
မင်းပုံရိပ်ကအပြည့်
ဆွေးမြေ့အသည်း
ရေမရောပဲ
ပြင်းထန်နေဆဲပါပဲလားနော်
တမ်းတ
လွမ်းရ
မှန်းဆ
အော်............
ဒါတွေနဲ့ပဲငါမောနေရပါပြီ
ချစ်ရသူ
သိပါစေတော့
သိစေတော့.............
Snow Hninn
22.7.2013
***နေ့စဉ်အလွမ်း***
my own poem*28*

No comments:
Post a Comment