နင့်အကြည့်တစ်ချက်မှာ
ငါ့ရင်တွေလှုပ်ခတ်မိတာ
အမှားတစ်ခုဆိုရင်
ငါ...ဒီအမှားကို
မျက်မှန်လိုပဲ
မချွတ်တမ်းငါတပ်ထားလိုက်မယ်....
နင့်အပြုံးမှာ
ငါမမုန်းပဲကြွေခဲ့မိတာ
အမှားတစ်ခုဆိုရင်
ငါဒီအမှားနဲ့ထပ်တူကျေနပ်စွာ
ငါအမြဲပြုံးနေလိုက်မယ်....
နင့်အပြောမှာ
ငါနစ်မျောခဲ့မိတာ
အမှားတစ်ခုဆိုရင်
ငါဒီအမှားကို
နားကြပ်တစ်စုံနဲ့
ငါသွားလေရာ
နားဆင်နေလိုက်မယ်...
နင်နဲ့ဆုံရတဲ့အချိန်တိုင်းမှာ
ငါရင်တွေဝုန်းဒိုင်းကျဲမိတာ
အမှားတစ်ခုဆိုရင်
ငါအဲဒီအမှားကို
စိန်စီထားလိုက်မယ်.........
နင့်ကိုကြင်နာစစ်နဲ့ငါချစ်မိတာ
အမှားတစ်ခုဆိုရင်
ငါ...ဒီအမှားကို
ငါအပိုင်စီး
သိမ်း...ထား...လိုက်...မယ်...
Snow Hninn
7.10.2013
***အမှား ကမ္ဘာ***
my own poem*43*

No comments:
Post a Comment