ငါ့ရင်တွေခုန်ပြီး
ယစ်မူးသွားရလောက်အောင်
နင့်အပြောမှာ
ငါနစ်မျောခဲ့ဖူးပါတယ်...
နင့်ရဲ့လွဲမှားအပြစ်မြင်မှုတွေကြားကနေ
နင့်ရဲ့လွဲမှားအပြစ်မြင်မှုတွေကြားကနေ
နင်ငါ့အပေါ်
ဂရုစိုက်တတ်မှုတွေ
ငါခံစားမိပါတယ်....
နင့်ရဲ့မှားယွင်းအထင်လွဲမှုတွေကြားကနေ
နင်ငါ့အပေါ်ထားရှိတဲ့
ချစ်ခြင်းတွေ
ငါခံစားမိပါတယ်...
နင့်ရဲ့ပြင်းထန်လှတဲ့ Messagesတွေကြားကနေ
နင်ငါ့ကို
လွမ်းဆွတ်နေရမှုတွေ
ငါခံစားမိပါတယ်...
ငါမလာဖြစ်တဲ့အခိုက်
နင်ငါ့ကိုမျှော်နေရတာတွေကနေ
နင်ငါ့ကို
တကယ်အလေးထားမှုတွေ
ငါခံစားမိပါတယ်...
နင့်ကဗျာတွေတိုင်းဟာ
ငါ့ကြောင့်
နင့်ရင်ကနေ ပေါက်ကွဲထွက်လာတဲ့
စိတ်ခံစားချက်တွေဆိုတာ
ငါခံစားမိပါတယ်....
ရှေ့ဆက်မတိုးသင့်တဲ့
အခြေအနေရယ်.
မဖြစ်နိုင်တဲ့
ကံကြမ္မာရယ်.
ဝေးရမယ့်
ကံဇာတာရယ်ကြောင့်.
လွမ်းပြဇာတ်တစ်ပုဒ်ကပြသလို
တစ်ခန်းရပ်သင့်ပြီမို့
ငါတို့နှစ်ဦး
သည်းနစ်ကာ ကြေကွဲရင်း
မေ့လိုက်ကြပါစို့...........
Snow Hninn
10.10.2013
***မေ့ပစ်လိုက်ပါတော့***
my own poem*44*
No comments:
Post a Comment