Thursday, September 25, 2014

***ဘ၀ပန်း***



ဘ၀က
လှိုင်းထန်တာမျိုးလား
ဒါဆို ငါတို့ ဖ၀ါးအောက်
ဆက်လျှောက်ကြစို့..........
ဘ၀က
လေပြေလေညင်းမျိုးလား
ဒါဆို ငါတို့လေညင်းကြား
ဆက်သွားကြစို့.........
ဘ၀က
ပူပြင်းတာမျိုးလား
ဒါဆို ငါတို့မေတ္တာထား
အေးမြစေသား........

ဘ၀က
အေးစိမ့်တာမျိုးလား
ဒါဆို ငါတို့နွေးထွေး
ဖေးမခြင်းဖြင့်သွားစို့လား......

ဘ၀က
ပျော်သည်ဖြစ်ဖြစ်
ငိုရသည်ဖြစ်ဖြစ်
ပူသည်ဖြစ်ဖြစ်
အေးသည်ဖြစ်ဖြစ်
နူးညံ့သည်ဖြစ်ဖြစ်
ကြမ်းသည်ဖြစ်ဖြစ်
ကောင်းသည်ဖြစ်ဖြစ်
ဆိုးသည်ဖြစ်ဖြစ်
အောင်မြင်သည်ဖြစ်ဖြစ်
ကျရှုံးသည်ဖြစ်ဖြစ်

ဘ၀ကို
မညှိုးနွမ်းသည့်
ပန်းတစ်ပွင့်နှယ်
အားမလျှော့ပဲ
ပွင့်လန်းကြပါစို့......


Snow Hninn
6.10.2013
***ဘ၀ပန်း***
my own poem*42*

No comments: