Thursday, September 25, 2014

***ဒီ အခိုက်အတန့်***



ဒီအခိုက်အတန့်
ငါ့ရင်မှာကြယ်တွေလင်းလက်သွားပေါ့

မင်းမျက်ဝန်းနဲ့
ငါ့နှလုံးမျက်ဝန်းနဲ့ ၀င်တိုက်မိတဲ့
ဒီအခိုက်အတန့်
ငါ့ရင်မှာကြယ်တွေလင်းလက်သွားပေါ့

မင်းစကားသံနဲ့
ငါ့နှလုံးနားနဲ့ဝင်တိုက်မိတဲ့
ဒီအခိုက်အတန့်
ငါ့ရင်မှာကြယ်တွေလင်းလက်သွားပေါ့

မင်းအပြုံးနဲ့
ငါ့နှလုံးအပြုံးနဲ့ဝင်တိုက်မိတဲ့
ဒီအခိုက်အတန့်
ငါ့ရင်မှာကြယ်တွေလင်းလက်သွားပေါ့

ချစ်သူရယ်
မင်းကိုချစ်နေသရွေ့
ငါ့ရဲ့အခိုက်အတန့်တွေက
မပြီးဆုံးနိုင်တာမို့
ကြယ်တွေလင်းလက်နေတဲ့
ငါ့ရင်ခွင်ကောင်းကင်
ပျောက်ပျက်သွားမှာစိုးလို့
ငါခုထိ လင်းရောင်နီပျို့ ကို
ဖြတ်သန်းခွင့် ပေး... ကို ...မပေး...ထားဘူး


Snow Hninn
4.11.2013
***ဒီ အခိုက်အတန့်***
my own poem*47*

No comments: