ရူးခဲ့ဖူးပါတယ်
အချစ်ကို...
ချစ်ခဲ့ဖူးပါတယ်
အရူးအမူးကို...
ရှေ့ဆက်တိုးမိပါတယ်
လွန်ဆန်ခက်ကံကြမ္မာကို...
မျက်ကွယ်ပြုခံလိုက်ရပါတယ်
ငါတို့ရှေ့ခရီးကို...
နင်ပြောခဲ့ဖူးပါတယ်
တကယ်ဆိုရင်အချစ်ပဲလိုတာကို...
လက်ခံလိုက်ရပါတယ်
ငါဟာကျန်ရစ်အဖြစ်နဲ့ကို...
ကြိုးစားနေပါတယ်
မေ့နိုင်ဖို့ကို...
ပင်ပန်းလှပါပြီ
လွမ်းနေရတာကို...
မတောင်းဆိုတော့ပါဘူး
နင်ပြန်လာဖို့ကို...
သိစေချင်မိပါတယ်
နင့်အပေါ်ငါ့ချစ်ခြင်းတွေ
မ.........ရပ်........သေး.........ဘူး........ဆို...........တာ........ကို.......
Snow Hninn
2.11.2013
***ရပ်တန့်မဲ့ချစ်ခြင်း***
my own poem*46*

No comments:
Post a Comment