Wednesday, September 24, 2014

***မျှော်လင့်ရပ်ဝန်းက ရင်ခုန်သံ***


ချစ်သူ........
ငါ့နှလုံးသားကမ္ဘာက
မေတ္တာရပ်ဝန်းဆီ
လာလည်ခဲ့ရင်တော့လေ..........

မင်းကိုချစ်တယ် ဆိုတဲ့မုခ်ဦးရယ်
မင်းကိုချစ်တယ် ဆိုတဲ့ပန်းခင်းလမ်းရယ်
မင်းကိုချစ်တယ် ဆိုတဲ့ယိမ်းနွဲ့ပန်းတို့ရဲ့တေးသံရယ်
မင်းကိုချစ်တယ် ဆိုတဲ့စမ်းချောင်းလေးရယ်
မင်းကိုချစ်တယ် ဆိုတဲ့ချစ်စံအိမ်ရယ်
မင်းကိုချစ်တယ် ဆိုတဲ့သံစဉ်တီးခတ်တိုင်းကြားရမယ့်ဂီတာတစ်လက်ရယ်
မင်းကိုချစ်တယ်ဆိုတဲ့ မင်းကိုချစ်တဲ့ကိုယ့်ကို
မင်းဆုံရမှာပါ
ချစ်သူရယ်..........

သြော်..........ချစ်သူ
ငါ့နှလုံးအိမ်လေး
ငါ့နှလုံးရပ်ဝန်းမှာ
ဒုတ်...ဒုတ်...ဒုတ်...နဲ့
အမြန်ရထားခုတ်မောင်းသလို
ရင်ခုန်သံတွေ
ကျယ်လောင်နေပါပေါ့လား...
Snow Hninn9.3.2013***မျှော်လင့်ရပ်ဝန်းကရင်ခုန်သံ***my own poem*17*

No comments: