မိုးနတ်သတို့သမီး
ထက်တိမ်လွှာသတို့သား
ခြုံလွှာနက် ကတ္တီပါလွှား
ချစ်သံစဉ် နောက်ခံထား။
ချစ်ဆုံးသူ ဤနှစ်ဦး
မင်္ဂလာပွဲမှာပျော်မြူး
မှတ်တမ်းတင်ပုံရိပ်ထူး
တဖျတ်ဖျတ်နဲ့ ငါ...ရိုက်ကူး။
ပြုံးမျက်နှာ ငါပန်ဆင်ငြား
ငိုမစဲ ငါ့နှလုံးသား
ငါ့ရင်တွင်းဆုတောင်းကား
မင်းတို့ ပျော်ပါစေသား။
Snow Hninn
8.3.2013
***အငိုမျက်လုံးအပြုံးမျက်နှာ***
my own poem*16*

No comments:
Post a Comment