Wednesday, September 24, 2014

***ဥပက္ခာ လိုက်လျောမှု***


ဓူဝံကြယ်ကို
မြောက်ကနေတောင်သို့
ရွှေ့ပေးဖို့
မင်းတောင်းဆိုခဲ့လျှင်
မင်းဆန္ဒကိုဖြည့်ဆည်းပေးဖို့
အသင့်ပဲ...............ချစ်သူ...........

ပူလောင်ပြင်းပြ
ကန္တာရကို
စိမ်းစိုစေဖို့
မင်းတောင်းဆိုခဲ့လျှင်
မင်းဆန္ဒကိုဖြည့်ဆည်းပေးဖို့
အသင့်ပဲ...............ချစ်သူ............

စကြာတစ်ခွင်
လည်ပတ်ချင်၍
လိုက်ပို့ပေးဖို့
မင်းတောင်းဆိုခဲ့လျှင်
မင်းဆန္ဒကိုဖြည့်ဆည်းပေးဖို့
အသင့်ပဲ...............ချစ်သူ................

မင်းကိုမေ့ပစ်ပါ
မလွမ်းနဲ့တော့လို့
မင်းတောင်းဆိုခဲ့လျှင်
ဆောရီးပဲ....ချစ်သူ........
မင်းရဲ့ဒီဆန္ဒတစ်ခုကို
ငါလုံးဝမဖြည့်ဆည်းပေးနိုင်ဘူး...............



Snow Hninn
12.3.2013
***ဥပက္ခာလိုက်လျောမှု***
my own poem*18*

No comments: