ရင်ခွင်သစ်ရှာဖို့
ရက်စက်ခြင်းသီအိုရီနဲ့
သစ္စာဆိုတာကို
ပစ်ပယ်ရက်တဲ့
နင့်ဆီကို
အမုန်းမုန်တိုင်းတွေတော့
ငါမ၀င်ရမ်းချင်ပါဘူး...
အသည်းနှလုံးတစ်ခုလုံးနဲ့
ရင်းပြီးချစ်ခဲ့ရတဲ့
ငါ့အချစ်တွေကို
အမုန်းလှိုင်း
မရိုက်ခတ်မိစေချင်လို့
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်တယ် ဆိုတဲ့
နယူတန်ရဲ့အဆိုကို
ငါ ဥပက္ခာပြုပါရစေ...
အသည်းနှလုံးကို
ကစားရတာ
ပျော်တဲ့နင့်အတွက်
နင်ရောက်လေရာ ရင်ခွင်မှာ
နင့်အသည်းကို
ထပ်ခြမ်းခွဲပြီး
ဆော့ကစားချင်သူနဲ့
မဆုံတွေ့ပါစေနဲ့လို့
ငါ...လေ...ဆု...တောင်း....ပေး...လျက်...ပါ...
Snow Hninn
4.12.2013
***အမုန်းမဲ့ဆုတောင်း***
my own poem*49*

No comments:
Post a Comment