Thursday, September 25, 2014

***အတ္တနောင်တ***


အ၀ီစိချိုးကပ်
စိတ်ဓာတ်တွေနဲ့
မိုးထက်ချိတ်ဆွဲ
အတ္တတွဲနဲ့
လမ်းမပေါ်မှာ
ခေါင်းမော့နေတုန်းလား…..

မျက်မှန်စိမ်းတပ်
ပြုံးမဲ့မျက်နှာ
တပ်ကာထားမို့
ရှေ့နားခလုတ်
ငုတ်တုတ်ရှိတောင်
မမြင်အောင်ပဲ
မာနခဲများ
ဆီးတားနေပြီလား…..

အတ္တမဖြုတ်
မာနထုတ်
ဒုက္ခခလုတ်နဲ့ထိ
တိုက်မိကာမှ
ငိုချင်းလဲချ
အမိတ
နောင်မှမရနဲ့
ဒီနောင်တ…………..


Snow Hninn
5.12.2013
***အတ္တနောင်တ***
my own poem*50*

No comments: