Thursday, September 25, 2014

***ချစ်မှာတမ်း***


တမ်းတတွေးတွေက
သဒ္ဒါမမှန်စာမမှန်တော့ဘူး...
အလွမ်းကဗျာတွေက
ကာရံမညီတော့ဘူး...
သတိရမိလို့ညည်းမိတဲ့သီချင်းတွေက
သံစဉ်မညီတော့ဘူး...
တွေးမိနေတာက
နင့်အကြောင်းမို့
ငါနေ့ညမှားနေရပြီ...
အဖော်မဲ့နေ့တွေမှာ
ကြယ်တွေကိုရင်ဖွင့်ရင်း
ပုလဲမျက်ရည်ခိုခဲ့ရပြီ...
လေပြေသွေးလေတိုင်း
နင့်ခြေသံလားဆိုပြီး
ငါနားစွင့်မိပြီ....
မိုးပြာပြာကောင်းကင်မှာ
နင့်ပုံစံကိုရေးဆွဲမိတာ
တစ်ကောင်းကင်လုံးပြာလို့...
တိမ်လွင့်မျောလာရင်
ငါ့စိတ်ကတိမ်စီးရင်း
နင်ရှိရာဆီရောက်လို့နေပြန်ပြီ...
နွေရော်ရွက်ကြွေတွေ
မိုးစက်ဖွဲတွေ
ဆောင်းနှင်းဝေတွေ
ကြုံစကားမှာလိုက်ပါရစေ
နင့်ကိုချစ်နေသေးသောငါ
နင်နဲ့ဆုံတွေ့ဦးမှာပါဆိုတဲ့
မျှော်လင့်ချက်လေးတစ်ခုနဲ့
ငါ့နှလုံးသားလေးဆက်လက်ရှင်သန်နေဆဲလို့........


Snow Hninn
10.9.2013
***ချစ်မှာတမ်း***
my own poem*38*

No comments: