Thursday, September 25, 2014

***လမ်းခွဲလက်ဆောင်***


ငါ့နှလုံးသားကို
နင်စိတ်တိုင်းကျကြိုးဆွဲကပြီးတော့မှ...
ငါ့နှလုံးသားကို
နင်လိုသလိုဆော့ကစားပြီးတော့မှ
ငါ့နှလုံးသားကို
နင်ထင်တိုင်းကျဲခဲ့ပြီးမှ
နှုတ်ဆက်ပါတယ်တဲ့လား..........
ငါ့ရဲ့နာကျင်မှုတွေက
နင်ပျော်နေရမယ်ဆိုရင်
ငါ့နှလုံးသားကို
ငါ့မျက်ရည်တွေ
ငါ့ချစ်တတ်ခြင်းတွေ
ငါ့သစ္စာတွေ
ငါ့ပေးဆပ်ခြင်းတွေ
ငါ့အလွမ်းတွေ
ငါ့တမ်းတခြင်းတွေ
ငါ့အိမ်မက်တွေ
ငါ့မျှော်လင့်ခြင်းတွေ
ငါ့သံယောဇဉ်တွေ
ငါ့မေတ္တာတွေ
ငါ့အမှတ်တရတွေ
ငါ့...
င့ါ...
ငါ့...
နင်ပျော်ရွှင်ပါစေဆိုတဲ့ငါ့ဆုတောင်းတွေကို
ငါအသေအချာထုပ်ပိုးပြိး
ထည့်ပေးလိုက်ဥိးမှာပါ....
ဒါပေမယ့်
နင့်ကိုပဲချစ်တဲ့
ငါ့နှလုံးသားက
ဒဏ်ရာများနဲ့နှလုံးသားဆိုတာကိုတော့
နင်သိမှာပါ.............



Snow Hninn
9.9.2013
***လမ်းခွဲလက်ဆောင်***
my own poem*37*

No comments: