Thursday, September 25, 2014

***နင်မရှိတဲ့ဇုန်***

လွင့်လိုက်ပါတော့လေ
ငါ့ကို နင့်အကြောင်းမတွေးရဇုန်ကို
လေနဲ့အတူ
လွင့်လိုက်ပါတော့လေ..........


ခါချလိုက်ပါတော့လေ
ငါ့ကိုနင့်အကြောင်းမတွေးရဇုန်ထိ
မိုးရေနဲ့အတူ
ပို့လိုက်ပါတော့လေ........


လုပ်လိုက်ပါတော့လေ
ငါ့ကိုနင့်အကြောင်းမတွေးရဇုန်ထိ
နေမင်းတစ်ချက်ပြင်းပြင်းပူ၍
ခြောက်သွေ့အောင်လုပ်လိုက်ပြီး
နယ်နင်ဒဏ်ပေးလိုက်ပါတော့.........


ငါလည်းလေ
နင့်အကြောင်းတွေးပြိး
မလွမ်းဆွေးချင်တော့ဘူး
ငါ့ကိုနင်မရှိတဲ့ကမ္ဘာကိုသာအပြီးပို့လိုက်ပါတော့.........



Snow Hninn
17.9.2013
***နင်မရှိတဲ့ဇုန်***
my own poem*39*

No comments: