Thursday, September 25, 2014

***ကဲ...ဒီ...အလွမ်းကြောင့်...***

လေလှိုင်းတွေတောင်
မူးသွားမလားပဲ
ငါမင်းကိုသတိရလို့
သက်ပြင်းတစ်ချက်ချမိလို့လေ...
နေမင်းတောင်
အရည်ပျော်သွားမလားပဲ
ငါမင်းကိုတမ်းတလို့
တမ်းတပူတွေဒီဂရီမြင့်တာလာလို့လေ....
လမင်းတောင်
အေးခဲသွားမလားပဲ
မင်းငါ့အပေါ်အေးစက်လွန်းနေလို့လေ....
ကြယ်တွေတောင်
ရေစီးထဲမျောသွားမလားပဲ
မင်းကိုလွမ်းလို့ကျလာတဲ့
ငါ့မျက်ရည်တွေကြောင့်လေ...
ရာသီဥတုတွေလည်း
ငါ့အလွမ်းနဲ့အပြိုင်ဖောက်ပြန်ကုန်ပြီ
ကမ္ဘာကြီးတိမ်းစောင်းတာကော
ဘာကြောင့်လဲသိလား
ငါ့အလွမ်းတွေ
ငါ့သတိရခြင်းတွေ
ငါ့မျှော်လင့်ခြင်းတွေ
ငါ့ချစ်ခြင်းတွေ
အဲဒါတွေကြောင့်
တိမ်းစောင်းရတာလေ......


Snow Hninn
21.9.2013
***ကဲ...ဒီ...အလွမ်းကြောင့်.............***
my own poem*40*

No comments: