Thursday, September 25, 2014

***လွမ်းပင်လယ်***


စက္ကန့်က သတိရလို့တဲ့
မျက်ရည်တစ်ပေါက်
တစ်ဖြောက်ဖြောက်မြည်အောင်
ကြွေကျလိုက်တယ်......
အလွမ်းတွေမရင့်မှည့်ခင်
ခြွေချခံလိုက်ရတာမျိုး....
စက္ကန့်မလပ်
တမ်းတခြင်းမှ
လွမ်းမျက်ရည်တွေ
မြစ်ဖျားခံတစ်သွင်သွင်စီးရင်း
မင်းအမည်တိုးတိုးလေးညည်းလို့ပေါ့...
မင်းနဲ့ဆုံချင်မိတဲ့ဆန္ဒမှ
ပေါက်ကွဲထွက်လာတဲ့
စက္ကန့်မျက်ရည်ကို
မိနစ်ကသယ်
မိနစ်ကိုနာရီကခေါ်ဆောင်ရင်းက
ဆုံနိုင်ဖို့လေးမျှော်လင့်လျက်
အချိန်မြစ်ကလေး
ငါ့အလွမ်းမျက်ရည်တွေ
သယ်ဆောင်စီးဆင်းသွားလိုက်တာ
ဟိုးးးးးးးးးးအဝေးမှာ
အလွမ်းပင်လယ်ပြင်ကြီးကိုဖြစ်ရော...............



Snow Hninn
3.10.2013
***လွမ်းပင်လယ်***
my own poem*41*

No comments: