Wednesday, September 24, 2014

***လွမ်းပြည့်ည***

ချစ်သူ...
အလွမ်းတွေကို
လရောင်နဲ့စိမ်ပြီး
ကြယ်တွေကိုပြောပြမိနေတယ်....

ချစ်သူ...
သောက်နေကျကော်ဖီခါးက
ခါတိုင်းထက်ပိုခါးနေပါလားနော်....
ကော်ဖီခါးခါးကြိုက်တတ်တဲ့မင်းကို
ငါ...ခါတိုင်းထက်ပိုသတိရမိသွားလို့
အလွမ်းဒီဂရီတွေမြင့်သထက်မြင့်လာပြီ...............

အော်...ချစ်သူ
ကော်ဖီတစ်ခွက်
ဆက်မသောက်ဖြစ်ဘဲနဲ့
လရောင်အောက်မှာ
ကြယ်တွေကိုရင်ဖွင့်ရင်း
ငါ့နှလုံးသားတစ်နေရာမှာ
လွမ်းကဗျာတွေသီကာဖွဲ့ရင်း
မျက်ဝန်းမှမြစ်နှစ်စင်းလည်း
တမံတွေကျိုးပေါက်ခဲ့ရပြီ..............



Snow Hninn
12.3.2013
***လွမ်းပြည့်ည***
my own poem*19*

No comments: