သတိရခြင်းတွေက
မွန်းကျပ်နေအောင်
ရင်မှာပြည့်လျှံနေပေါ့....
မွန်းကျပ်နေအောင်
ရင်မှာပြည့်လျှံနေပေါ့....
တမ်းတခြင်းတွေက
အလီလီကျော့လို့
ဝေဒနာတွေတိုးတိုးနေပေါ့....
လွမ်းရခြင်းတွေက
ရင်မှာပူလောင်လို့
ကျလာတဲ့မျက်ရည်တောင်
အငွေ့ပျံပြီးတိမ်ဖြစ်နေလောက်ပြိ.....
အတိတ်ကအကြောင်း
နှစ်တွေပြောင်းပေမယ့်လို့
ရင်မှာတော့မဟောင်းသေးပါဘူး...
တိုက်ဆိုင်တိုင်းသတိရလိုက်
သတိရတိုင်းအတွေးထဲမှာတမ်းတလိုက်
တမ်းတမိပြန်တော့လွမ်းမိလိုက်နဲ့
နင်မရှိတဲ့နေ့ရက်တွေကို
အလွမ်းဒဏ္ဍာရီမှာ
မှတ်တမ်းတင်နေရတာ
င့ါဒဏ္ဍာရီမှတ်တမ်းလေး
မျက်ရည်မြစ်မှာမျောလို့နေဆဲ.........
Snow Hninn
24.3.2013
***အလွမ်းဒဏ္ဍာရီ***
my own poem*20*

No comments:
Post a Comment