Thursday, September 25, 2014

***တစ်ကိုယ်တော် အလွမ်း***


မွန်းကျပ်မှုကို
အရည်ဖျော်နိုင်ဖို့
နင့်အကြောင်းမတွေးဘဲ
ငါနေကြည့်လိုက်တယ်
ဒါပေမယ့်ဟာ
နင့်ကိုမစဉ်းစားဘဲ
မနေတတ်ဘူး......
သက်ပြင်းတစ်ချက်မှုတ်လိုက်တိုင်း
ငါ့သက်ပြင်းသံတွေဟာ
နင့်ကိုလွမ်းညည်းလို့
ထွက်လာတဲ့ လွမ်းသံစဉ်ခါးခါးတွေပေါ့....
ခြောက်သွေ့နေတဲ့ငါ့ညတွေ
အထီးကျန်နေရတဲ့ငါနေ့တွေ
အလွမ်းတွေလည်းရောင်စုံနေရပြီ...
တစ်ခါတစ်ခါ
မြင်မိတဲ့ကိုယ့်အရိပ်မှာတောင်
နင်နဲ့ငါရဲ့
ပျော်စရာအတိတ်က
ပိတ်ကားရုပ်ရှင်လို
ငါမြင်ယောင်နေတတ်တော့
ငါအသံတိတ်ငိုနေရပြီပေါ့...
ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်ပေါ့
နင့်ကိုလွမ်းရသတိရနေရရင်
ငါကျေနပ်ပါပြီဟာ
နင့်ကိုတမ်းတခွင့်လေးတော့ပြုပါ.......


Snow Hninn
7.9.2013
***တစ်ကိုယ်တော်အလွမ်း***
my own poem*35*

No comments: