Thursday, September 25, 2014

***ခွင့်***

ရင်သည်းနှလုံး
ပျက်ကြွေသုဉ်းလည်း
အဆုံးမဲ့ချစ်ခြင်း
ဖြစ်တည်လျက်မို့
ပေးဆပ်ချစ်နဲ့
ချစ်ပါရစေ....
မျက်ရည်မိုးတို့
သွန်းကာဖြိုးလည်း
ချစ်၍ကျသော
လွမ်း၍ကျသော
မျက်ရည်မို့
စွေကာသွန်း၍
ရွာပါရစေ......
အိမ်မက်တစေ
နင်ဝင်ခြောက်လည်း
နင့်ကိုတွေ့ရနိုင်သည်မို့
မနိုးတမ်း
အမြဲတမ်း
မက်ခွင့်ရပါစေ.....
ဒီလမ်းပေါ်ကအလွမ်း
အတိတ်ပုံရိပ်တို့လွှမ်းနေသည်မို့
ရင်နာနာနဲ့
ကြင်နာခဲ့ရဖူးတာကို
အမှတ်ရရင်း
လျှောက်ပါရစေ...



Snow Hninn
6.9.2013
***ခွင့်***
my own poem*34*

No comments: