Thursday, September 25, 2014

***အရှုံးဆု***


မျှော်လင့်ချက်တွေက
လေနှင်ရာလွင့်တဲ့တိမ်လို
ဦးတည်ရာမဲ့လွင့်ပါးနေတယ်...
ခပ်ရေးရေးပဲကျန်တော့တဲ့
မျှော်လင့်ချက်တွေနဲ့
သက္ကရာဇ်တွေကိုဝါးမြိုမိနေတယ်...
ဒဏ်ရာမကျက်သေးတဲ့
နှလုံးသားနုနုကလည်း
အဆိပ်တက်နေတဲ့ကြားက
အလွမ်းမြစ်ရေစီးသန်နေတယ်...
မုန်းဖို့မေ့နေတာလား
မေ့ဖို့သတိမရသေးတာလား
ဖြစ်ရပ်မှန်ကမျဉ်းပြိုင်နှစ်ကြောင်း
မိုက်ရူးရဲဆန်စွာနဲ့
ထိုမျဉ်းနှစ်ကြောင်းဆုံချင်မိနေတယ်...
မာနတံတိုင်းတွေလည်းပြိုလဲ
ချစ်တတ်ခြင်းတွေလည်းဖြစ်တည်လာကတည်းက
ငါ့နှလုံးသားကကျောက်လိုမမာတော့ဘူး....
အမှတ်တမဲ့ကော
အမှတ်တရကော
အကြောင်းမဲ့တိုက်ဆိုင်မှုတွေကော
တိုက်ဆိုင်လာတတ်တဲ့အကြောင်းတွေကြောင့်ကော
အိပ်မက်တွေမကြွေခင်
အလံဖြူပြပြီး
ထိုအိမ်မက်တွေအကုန်လုံး
အပိုင်စီးသိမ်းထားချင်မိတာ
ငါ့အပြစ်လား..........


Snow Hninn
8.9.2013
***အရှုံးဆု***
my own poem*36*

No comments: