မာနတွေလွန်ဆွဲပွဲမှာ
အတ္တတွေစည်းခြားလို့
ချစ်တတ်ခြင်းတွေ
အဆိပ်တွေတက်...
အတူတူလျှောက်ခဲ့တဲ့
အပြုံးလမ်းမှာ
လှောင်ရယ်သံတွေပျံ့လွင့်...
အနိုင်အရှုံးအတွက်
အမှားတွေကိုယ်စီပိုက်
အနိုင်မရှိ
သားရေမရှိ
အပြတ်အသတ်အရှုံးနိမ့်ကြတာတောင်
နှစ်ဦးရင်မှာ
ချစ်ခဲ့ခြင်းတွေမေ့ဆေးမိနေကြ...
တဆစ်ဆစ်နာနေကြတဲ့အသည်းတွေကို
နှစ်သိမ့်ဖို့မေ့နေကြရင်း
နောင်တဖလားတွေ
ပွေ့ပိုက်မယ့်အနာဂတ်လမ်းဆီ
သူတစ်လမ်း
ကိုယ်တစ်လမ်း
ကျောခိုင်းမိနေရင်းက
မာနလမ်းခွဲဆုလဒ်အဖြစ်
လက်ဝဲရင်တွင်းမှာ
ချောင်ထိုးခံလိုက်ရတဲ့
နှလုံးသားလေးတွေ
တမ်းတငိုကြွေးမြည်သံနဲ့အတူ
တစ်စစီကြေမွလျက်............
အတ္တတွေစည်းခြားလို့
ချစ်တတ်ခြင်းတွေ
အဆိပ်တွေတက်...
အတူတူလျှောက်ခဲ့တဲ့
အပြုံးလမ်းမှာ
လှောင်ရယ်သံတွေပျံ့လွင့်...
အနိုင်အရှုံးအတွက်
အမှားတွေကိုယ်စီပိုက်
အနိုင်မရှိ
သားရေမရှိ
အပြတ်အသတ်အရှုံးနိမ့်ကြတာတောင်
နှစ်ဦးရင်မှာ
ချစ်ခဲ့ခြင်းတွေမေ့ဆေးမိနေကြ...
တဆစ်ဆစ်နာနေကြတဲ့အသည်းတွေကို
နှစ်သိမ့်ဖို့မေ့နေကြရင်း
နောင်တဖလားတွေ
ပွေ့ပိုက်မယ့်အနာဂတ်လမ်းဆီ
သူတစ်လမ်း
ကိုယ်တစ်လမ်း
ကျောခိုင်းမိနေရင်းက
မာနလမ်းခွဲဆုလဒ်အဖြစ်
လက်ဝဲရင်တွင်းမှာ
ချောင်ထိုးခံလိုက်ရတဲ့
နှလုံးသားလေးတွေ
တမ်းတငိုကြွေးမြည်သံနဲ့အတူ
တစ်စစီကြေမွလျက်............
Snow Hninn
my own poem*75*
21.8.2014
***မာနလမ်းခွဲ***
No comments:
Post a Comment