ဒီလမ်းလေးပါပဲ
ချစ်သူနှစ်ဦးရဲ့
ဇာတ်လမ်းလေးအစအဆုံးပြသပေးလေရဲ့....
ဒီလမ်းလေးပါပဲ
တွေ့ဆုံခြင်းတွေပျော်ခဲ့သလို
နှုတ်ဆက်ခြင်းတွေအသံတိတ်နေလေရဲ့....
ဒီလမ်းလေးပါပဲ
မင်းအပြုံးနဲ့ငါ့အပြုံးတွေ
အိပ်မက်တွေနဲ့
အနာဂတ်နန်းတော်တည်ဆောက်ဖူးတယ်...
ဒီလမ်းလေးပါပဲ
စိတ်ကူးလိပ်ပြာလေးတွေ
ပြေးလွှားဆော့ကစားဖူးတယ်....
ဒီလမ်းလေးပါပဲ
အနမ်းမိုးလေးတွေ
ရင်ခွင်လေးတွေမှာ
ကြည်နူးဖူးခဲ့တယ်....
ဒီလမ်းလေးပါပဲ
ပန်းလေးတွေလည်း
ရောင်စုံပွင့်တယ်
ကြယ်လေးတွေလည်း
လင်းလက်တောက်ပဖူးခဲ့တယ်...
ဒီလမ်းလေးပါပဲ
တို့နှလုံးလေးတွေ
ဝေးခဲ့ရတာနော်.....
ဒီလမ်းလေးပါပဲ
အေးစက်တဲ့လက်အစုံတွေ
တွဲလက်ဖြုတ်ခဲ့ရတာနော်....
ဒီလမ်းလေးပါပဲ
မျက်ရည်မိုးတွေ
ရင်နင့်အသည်းနဲ့အတူ
ကြွေလွင့်ခဲ့ကြရတာနော်...
ဒီလမ်းလေးပါပဲ
ပွင့်သောပန်းတို့
ကြွေကာလွင့်ခဲ့ရသလို
လင်းလက်သောကြယ်လေးတို့
မြေသက်ဆင်းခဲ့ရပြီနော်....
ဒီလမ်းလေးပါပဲ
ဒီလမ်းလေးပါပဲ
ဒီလမ်းလေးပါပဲ
နင်မရှိတဲ့
တခြမ်းပဲ့ငါ့နှလုံးသားလေး
တစ်ကိုယ်တည်း
လျှောက်လှမ်းရပြီနော်...........................................
Snow Hninn
my own poem*76*
21.8.2014
***ဒီလမ်းလေး***
No comments:
Post a Comment