ကော်ဖီတစ်ခွက်နဲ့
အာရုဏ်ရှေ့တော်ပြေး
ရောင်နီလေးကို
ကြိုဆိုလျက်
ကော်ဖီရဲ့ခါးစိမ့်စိမ့်
အရသာခံရင်း
ငါနင့်ကိုလွမ်းတဲ့
အလွမ်းတစ်နေ့တာ
ငါစခဲ့တယ်........
ငါ..ကော်ဖီ...သောက်...ရင်း...နင့်...ကို...လွမ်း...တယ်...ဟာ....
နင့်ရဲ့ဖုန်းသံလေးရယ်
နင့်ရဲ့မက်ဆေ့လေးရယ်
နင့်ရဲ့လေထဲကစကားသံလေးရယ်
နင့်ကိုတွေးနေရတာရယ်
ဒါတွေနဲ့
ငါ့တစ်နေ့တာတွက်
ဆက်လက်ရှင်သန်ဖို့
အားတွေဖြစ်ခဲ့ရပါတယ်
ငါ..နင့်...ကို...တွေး...ရင်း...လွမ်း...တယ်...
နေ၀င်နှုတ်ဆက်
ကောင်းကင်ပြာထက်
ရောင်စုံနှောလျက်
အရာရာကသိပ်လှနေချိန်
ငါကအရာရာထက်
နင့်..ကို...လွမ်း...မိ...ပါ...ရဲ့...လေ...
နေ့အလင်းက
အမှောင်ကမ္ဘာဆီခရီးဆက်
ကတ္ထီဘာပိတ်ကားထက်
ငွေကြယ်ပွင့်များစီခြယ်သ
လခြမ်းပဲ့လေးလှေလှော်ထွက်
လေညင်းလေးတဖြူးဖြူးကြား
ငါ...နင့်..ကို...အ...ရမ်း...လွမ်း...တာ...ပဲ...
ကောင်းသောညပါချစ်သူ
ငါ့ရင်မှာနှုတ်ခွန်းဆက်ရင်း
ငါ့မြင်လွှာတစ်စုံ
နင့်ပုံရိပ်သာ
လှုပ်ရှားနေသော
အိပ်မက်ကမ္ဘာဆီ
လှမ်းလာတိုင်း
အလွမ်းများနဲ့ပြည့်နှက်ပြီမို့
ချစ်သူ...
နင်လည်းအလွမ်းပိုက်လျက်
ငါ့အိမ်မက်ဆီလှမ်းလာပါ.....
ငါတစ်နေ့တာလွမ်းသမျှ
နင့်ကိုပြောပြမလို့
အ..ရမ်း...လွမ်း...တယ်....ဆိုတာကိုပေါ့......
အာရုဏ်ရှေ့တော်ပြေး
ရောင်နီလေးကို
ကြိုဆိုလျက်
ကော်ဖီရဲ့ခါးစိမ့်စိမ့်
အရသာခံရင်း
ငါနင့်ကိုလွမ်းတဲ့
အလွမ်းတစ်နေ့တာ
ငါစခဲ့တယ်........
ငါ..ကော်ဖီ...သောက်...ရင်း...နင့်...ကို...လွမ်း...တယ်...ဟာ....
နင့်ရဲ့ဖုန်းသံလေးရယ်
နင့်ရဲ့မက်ဆေ့လေးရယ်
နင့်ရဲ့လေထဲကစကားသံလေးရယ်
နင့်ကိုတွေးနေရတာရယ်
ဒါတွေနဲ့
ငါ့တစ်နေ့တာတွက်
ဆက်လက်ရှင်သန်ဖို့
အားတွေဖြစ်ခဲ့ရပါတယ်
ငါ..နင့်...ကို...တွေး...ရင်း...လွမ်း...တယ်...
နေ၀င်နှုတ်ဆက်
ကောင်းကင်ပြာထက်
ရောင်စုံနှောလျက်
အရာရာကသိပ်လှနေချိန်
ငါကအရာရာထက်
နင့်..ကို...လွမ်း...မိ...ပါ...ရဲ့...လေ...
နေ့အလင်းက
အမှောင်ကမ္ဘာဆီခရီးဆက်
ကတ္ထီဘာပိတ်ကားထက်
ငွေကြယ်ပွင့်များစီခြယ်သ
လခြမ်းပဲ့လေးလှေလှော်ထွက်
လေညင်းလေးတဖြူးဖြူးကြား
ငါ...နင့်..ကို...အ...ရမ်း...လွမ်း...တာ...ပဲ...
ကောင်းသောညပါချစ်သူ
ငါ့ရင်မှာနှုတ်ခွန်းဆက်ရင်း
ငါ့မြင်လွှာတစ်စုံ
နင့်ပုံရိပ်သာ
လှုပ်ရှားနေသော
အိပ်မက်ကမ္ဘာဆီ
လှမ်းလာတိုင်း
အလွမ်းများနဲ့ပြည့်နှက်ပြီမို့
ချစ်သူ...
နင်လည်းအလွမ်းပိုက်လျက်
ငါ့အိမ်မက်ဆီလှမ်းလာပါ.....
ငါတစ်နေ့တာလွမ်းသမျှ
နင့်ကိုပြောပြမလို့
အ..ရမ်း...လွမ်း...တယ်....ဆိုတာကိုပေါ့......
Snow Hninn
3.5.2014
my own poem*61*
***တစ်နေ့တာအလွမ်းဒဏ္ဍာရီ***
No comments:
Post a Comment