ဝေးကွာခြင်းသီအိုရီကို
တမ်းတခြင်းနဲ့နီးစေတာပါ.....
အဝေးမှာနေတဲ့
အနေဝေးချစ်ရသူရေ
အဝေးမှာနေကြရပေမယ့်
ငါတို့အတွေးလေးတွေနီးနေကြဆဲမို့
ငါတို့တွေမဝေးပါဘူးနော်.....
တမ်းတခြင်းသီအိုရီကို
သတိရလွမ်းဆွတ်ကဗျာတွေ
ရေးဖွဲ့ခြင်းဖြင့်
ဖြေသိမ့်နေရတာပါ....
အဝေးကချစ်ရသူရေ
ငါတို့ရဲ့တမ်းတကဗျာလေးတွေကို
ကြယ်စင်ဝန်းရံခနေတဲ့
ငွေလမင်းလေးကို
တီးတိုးရွတ်ပြရင်း
အလွမ်းပြေတမ်းတ
ဖြေသိမ့်နေကြဆဲမို့
ငါတို့တွေမဝေးပါဘူးနော်.....
အနာဂတ်ရဲ့တစ်နေ့နေ့မှာ
ပြန်ဆုံကြမယ်ဆိုတဲ့
မျှော်လင့်ချက်တိမ်မျှင်လေးကို
ငါတို့အတူစီးမျှောရင်း
ချစ်ရသူရေ
ငါ... တို့... မဝေး... နေ... ပါ... ဘူး... နော်..........
တမ်းတခြင်းနဲ့နီးစေတာပါ.....
အဝေးမှာနေတဲ့
အနေဝေးချစ်ရသူရေ
အဝေးမှာနေကြရပေမယ့်
ငါတို့အတွေးလေးတွေနီးနေကြဆဲမို့
ငါတို့တွေမဝေးပါဘူးနော်.....
တမ်းတခြင်းသီအိုရီကို
သတိရလွမ်းဆွတ်ကဗျာတွေ
ရေးဖွဲ့ခြင်းဖြင့်
ဖြေသိမ့်နေရတာပါ....
အဝေးကချစ်ရသူရေ
ငါတို့ရဲ့တမ်းတကဗျာလေးတွေကို
ကြယ်စင်ဝန်းရံခနေတဲ့
ငွေလမင်းလေးကို
တီးတိုးရွတ်ပြရင်း
အလွမ်းပြေတမ်းတ
ဖြေသိမ့်နေကြဆဲမို့
ငါတို့တွေမဝေးပါဘူးနော်.....
အနာဂတ်ရဲ့တစ်နေ့နေ့မှာ
ပြန်ဆုံကြမယ်ဆိုတဲ့
မျှော်လင့်ချက်တိမ်မျှင်လေးကို
ငါတို့အတူစီးမျှောရင်း
ချစ်ရသူရေ
ငါ... တို့... မဝေး... နေ... ပါ... ဘူး... နော်..........
Snow Hninn
my own poem*60*
3.5.2014
***မဝေးပါဘူး***
No comments:
Post a Comment