ဆောင်းကာလတွင်မှ
သူ့တာဝန်အလား
ဟိုနားဒီနား
ငွားငွားစွင့်စွင့်
ပင်မြင့်ထက်မလေ
ပွင့်လန်းနေ
ပန်းဌာနီဟု
ခေါ်ကာတွင်သည့်
ချယ်ရီပွင့်တွေလန်းကာနေ...
တောင်ပေါ်မြေမှ
လှနေရှာသည့်
ပန်းနုစွက်သော
မြတ်ချယ်ရီကို
နယ်ပယ်စုံက
ငယ်ချင်းများဆီ
ပို့ချင်သည်
လက်ဆောင်အဖြစ်နဲ့လေ.......
Snow Hninn
3.3.2013
***ချယ်ရီလက်ဆောင်***
my own poem*13*


No comments:
Post a Comment