ခိုနားဖူးတဲ့
ရင်ခွင်တစ်ခု.....
မက်မောမိတဲ့
ရင်ခွင်တစ်ခု....
အတ္တဆန်စွာပိုင်ဆိုင်ချင်ခဲ့တဲ့
ရင်ခွင်တစ်ခု.....
ပျော်စရာတွေေ၀ကာမျှတူပျော်မြူးခဲ့ဖူးတဲ့
ရင်ခွင်တစ်ခု.....
၀မ်းနည်းစရာတွေမျှေ၀ခံစားပေးဖူးတဲ့
ရင်ခွင်တစ်ခု.....
ငါ့ချစ်ခြင်းတွေပျံ့နှံ့စိမ့်၀င်ဖူးတဲ့
ရင်ခွင်တစ်ခု.....
တိုက်ဆိုင်မှုရှိတိုင်း တမ်းတမိတဲ့
ရင်ခွင်တစ်ခု.....
သြော်ရင်ခွင်လေးရေ..........
ဘယ်ဆီဘယ်၀ယ်မြန်းလို့
ဘယ်ဆီဘယ်၀ယ်လှမ်းလို့
ဘယ်စခန်း
ဘယ်ကမ်းဆီမှာ
သောင်ကပ်ကာနားခိုနေပြီလဲကွယ်.....
Snow Hninn
2.3.2013
***ရင္ခြင္တစ္ခု***
my own poem *12*

No comments:
Post a Comment