တစ်နေ့မှာဒီလိုတစ်ခန်းရပ်ရင်ခုန်နေဖို့
မျှော်လင့်ခဲ့တာမဟုတ်ပါဘူး...
လမ်းခွဲဖို့လည်း
မျှော်လင့်ခဲ့တာမဟုတ်ပါဘူး...
ရက်စက်မှုတွေခံယူဖို့လည်း
မျှော်လင့်ခဲ့တာမဟုတ်ပါဘူး...
အလွမ်းတွေမက်မောဖို့
မျှော်လင့်ခဲ့တာမဟုတ်ပါဘူး...
တွေးမိတိုင်းတမ်းတချင်လို့
မျှော်လင့်ခဲ့တာမဟုတ်ပါဘူး...
ရင်ဝယ်နင့်၍တဆစ်ဆစ်နာကျင်တာမျိုးလိုချင်ခဲ့လို့
မျှော်လင့်ခဲ့တာမဟုတ်ပါဘူး...
ဒဏ်ရာအပြည့်နဲ့နှလုံးတစ်စုံလက်ဝယ်ရဖို့
မျှော်လင့်ခဲ့တာမဟုတ်ပါဘူး...
အပယ်ခံနှလုံးသားကိုပိုင်ဆိုင်ချင်လို့
မျှော်လင့်ခဲ့တာမဟုတ်ပါဘူး...
ချစ်သူရယ်....
ငါ့လက်ဝဲရင်အုံ
တစ်ချက်ခုန်တိုင်း
ငါနာနာကျင်ကျင်နဲ့
မျှော်လင့်မိတာက...
ငါမင်းကို
အရိုးသားဆုံးအဖြူစင်ဆုံးနဲ့
နှစ်နှစ်ကာကာ
မြတ်မြတ်နိုးနိုးနဲ့သာ
ဆက်၍ချစ်နေဦးမည်ဆိုတာ
ချစ်သူ့ရင်ထဲမှာ
ကမ္ဗည်းတင်ကျန်ရစ်ချင်တာပါ...
Snow Hninn
29.3.2013
***မျှော်လင့်မိသော ဆန္ဒကမ္ဗည်း***
my own poem*23*

No comments:
Post a Comment