Wednesday, September 24, 2014

***ချစ်အိပ်မက်***

အချစ်ဆိုတဲ့
ထိုအရာကို
ငါ့နှလုံးသားထဲ
လောင်းထည့်မိတဲ့နေ့မှ.........................
ကမ္ဘာမြေဟာ
ခြုံလွှာနက်လွှမ်းခြုံတိုင်း
ငါ့အိမ်မက်ဇုန်ဟာ
လှပအေးချမ်းသော
နယ်မြေလေးဖြစ်လာရပြီပေါ့......
သူရိန်မင်းက
*င့ါကိုယ်ပွားလေး
ထားခဲ့ပါ့မယ်*ဆိုပြီး
လမင်းလေးနဲ့
ကြယ်ရံပေါင်းတို့
ငါ့အိမ်မက်လေးဆီ
ခစားရောက်လာကြပြီပေါ့.....
လေပြေနုသွေး
သံစဉ်ပေးလျက်
ငါ့အိမ်မက်လေး
ကကွက်စုံစုံမြူးနေပေါ့....
ငါ့အိပ်မက်မြေလေးမှာ
ငါပျော်လွန်းလို့
ငါကြည်နူးလွန်းလို့
ပြုံးမိလိုက်တာ
မိုနာလီဇာတောင်ငေးသွားပေါ့...........
ကမ္ဘာကျော်ပန်းချီဆရာ
လီရိုနာဒိုတောင်
ဘယ်လိုဆွဲရမှန်းမသိတော့လို့
လဒမှိုင်မှိုင်သွားရတာပေါ့.....
ငါတို့နှစ်ဦး
ဆုံတွေ့ပါသော
္ကဤအိပ်မက်မြေသို့
ရိုမီယိုနဲ့ဂျူးလိယက်တို့
အာဒံနဲ့ဧ၀တို့တောင်
လာလည်ကြတာ
အားကျလိုက်တာတဲ့လေ...............
မျက်စိလည်ပြီး
ရောက်လာမိတဲ့
ဦးပုညလည်း
ငါတို့ကမ္ဘာလေးကို
ကဗျာဖွဲ့ကာရေးပေးဖို့
စကားလုံးတွေရှာဦးမယ်တဲ့လေ..............
အော်..........
ချစ်သူရယ်
ကြည်နူးစရာ အိမ်မက်ကမ္ဘာမှ
အခိုက်အတန့်တစ်ခုခွဲခွာရဖို့
ငါစိတ်တွေအညစ်ကြီးညစ်ခဲ့ရပါတယ်....
ဒါပေမယ့်လေ
ဟောဒီ ကမ္ဘာလေး
ည၀တ်ရုံကတ္တီပါနက်လေး
လွှမ်းခြုံနေသ၍
ငါတို့နှစ်ဦး
ပြန်ဆုံဦးမယ်ဆိုတဲ့အသိနဲ့
ငါနှိုးထလိုက်ရပါတယ်...........


Snow Hninn
26.4.2013
***ချစ်အိပ်မက်***
my own poem*24*

No comments: