Saturday, December 12, 2015

@@@စံပယ်မေ@@@

ဖြူ ဖြူ ဖွေး ဖွေး မွှေး မွှေး ကြူ
မူ ရာ မာ ယာ ရှင်း သန့် ဖြူ
မူ ဟန် ရှင်း ရှင်း စံ ပယ် သင်း
မြင် သူ ရင် အေး စိတ် ကြည် မ နှေး
စံ ပယ် ဂုဏ် နှင့် တင့် တယ် သ လေး ။

စံ ပယ် ပန်း ကုံး ဘု ရား မှာ လှူ
ကောင်း စိတ် မြတ် ဖြူ ဖြူ
စံ ပယ် လည်း ဖြူ
စိတ် လည်း ဖြူ
ဘ ၀ လည်း ဖြူ ဖြူ...

မ လေး ပျို ခင် ကေ သာ တွင်
စံ ပယ် ပန်း ပန် ဆင်
န ဂို ယဉ် သူ ပေ မို့
အ ပြုံး ရယ် တစ် ချက် ၀င့် တော့
အ လှ တွင် အ လှ ဆင့် သ မို့
ပျို့ လေး ခင် ရိုး ဂုဏ် လှ ကို
ဘယ် သူ ပြိုင် ၍ လှ ပါ တော့ နိုင် ။


Snow Hninn
12 Nov 2015

my own poem *115*
(ကဗျာဝါသနာရှင်လေးပါ...ဝေဖန်ထောက်ပြမှုများကြိုဆိုလျက်)