Tuesday, December 29, 2015
@ ချစ် သူ့ ထံ စာ လွှာ @
ချစ် သူ ရေ...
က တောက် က ဆ
ဖြစ် ခ ဏ ၀ယ်
ကျော ခိုင်း ရယ် ပေး
မာ န လေး နှင့်
ခွန်း မ ဆင့် တော့
ရင် နင့် ခံ စား
နှစ် ဦး သား မယ်
ရင် ထဲ ၀ယ်
ချစ် လျက် ဝေး ရ တယ်...
နား လည် မှု ပေး
မေ တ္တာ နွေး နှင့်
မာန် လေး ရယ် လျော့
ပြန် ခေါ် ပေါ့
မ လျော့ ချစ် ခြင်း
ချော့ ခေါ် ရင်း မှ
စီး ဆင်း ရင် မှာ
တိုး မေ တ္တာ
ထာ ၀ စဉ် သာ ချစ် ကြ မှာ
မုန်း ၍ မ ရ ပါ ...
Snow Hninn
27 Dec 2015
(လေး လုံး စပ် )
my own poem *116
Saturday, December 12, 2015
@@@စံပယ်မေ@@@
ဖြူ ဖြူ ဖွေး ဖွေး မွှေး မွှေး ကြူ
မူ ရာ မာ ယာ ရှင်း သန့် ဖြူ
မူ ဟန် ရှင်း ရှင်း စံ ပယ် သင်း
မြင် သူ ရင် အေး စိတ် ကြည် မ နှေး
စံ ပယ် ဂုဏ် နှင့် တင့် တယ် သ လေး ။
စံ ပယ် ပန်း ကုံး ဘု ရား မှာ လှူ
ကောင်း စိတ် မြတ် ဖြူ ဖြူ
စံ ပယ် လည်း ဖြူ
စိတ် လည်း ဖြူ
ဘ ၀ လည်း ဖြူ ဖြူ...
မ လေး ပျို ခင် ကေ သာ တွင်
စံ ပယ် ပန်း ပန် ဆင်
န ဂို ယဉ် သူ ပေ မို့
အ ပြုံး ရယ် တစ် ချက် ၀င့် တော့
အ လှ တွင် အ လှ ဆင့် သ မို့
ပျို့ လေး ခင် ရိုး ဂုဏ် လှ ကို
ဘယ် သူ ပြိုင် ၍ လှ ပါ တော့ နိုင် ။
Snow Hninn
12 Nov 2015
my own poem *115*
(ကဗျာဝါသနာရှင်လေးပါ...ဝေဖန်ထောက်ပြမှုများကြိုဆိုလျက်)
မူ ရာ မာ ယာ ရှင်း သန့် ဖြူ
မူ ဟန် ရှင်း ရှင်း စံ ပယ် သင်း
မြင် သူ ရင် အေး စိတ် ကြည် မ နှေး
စံ ပယ် ဂုဏ် နှင့် တင့် တယ် သ လေး ။
စံ ပယ် ပန်း ကုံး ဘု ရား မှာ လှူ
ကောင်း စိတ် မြတ် ဖြူ ဖြူ
စံ ပယ် လည်း ဖြူ
စိတ် လည်း ဖြူ
ဘ ၀ လည်း ဖြူ ဖြူ...
မ လေး ပျို ခင် ကေ သာ တွင်
စံ ပယ် ပန်း ပန် ဆင်
န ဂို ယဉ် သူ ပေ မို့
အ ပြုံး ရယ် တစ် ချက် ၀င့် တော့
အ လှ တွင် အ လှ ဆင့် သ မို့
ပျို့ လေး ခင် ရိုး ဂုဏ် လှ ကို
ဘယ် သူ ပြိုင် ၍ လှ ပါ တော့ နိုင် ။
Snow Hninn
12 Nov 2015
my own poem *115*
(ကဗျာဝါသနာရှင်လေးပါ...ဝေဖန်ထောက်ပြမှုများကြိုဆိုလျက်)
Friday, December 11, 2015
*** လှမ်း ***
စုန် ဆန် ခေါက် ပြန်
ဘ ၀ ကံ ကြောင့်
ဖန် ဖန် ကျော့ လည်း
အ လျော့ မ ပေး
သ မိုင်း ရေး ဖို့
မ နှေး ပုံ မှန်
ဇွဲ ထက် သန် နှင့်
စိတ် ခိုင် ဆင့် ရင်း
ကျူး ရင့် ကြွေး ကြော်
စိန် ခေါ် ကြ စို့
ဆူး ချ ခင်း ခင်း
ဘာ ခင်း ခင်း
နင်း လျှောက် လိုက် စမ်း
လမ်း ဆုံး လှမ်း
ပြုံး ပန်း ဆင် မြန်း
လက် မ လျော့ စ တမ်း။
Snow Hninn
2 Nov 2015
9:30pm
my own poem*114*
လေးလုံးစပ်ကဗျာ
*** ဘ ၀ အား မာန် ***
ဆူ ကြုံ နိမ့် မြင့်
လှိုင်း လို ဆင့် ကာ
ဇာတ် ဆ ရာ အ လို ကျ
ကြုံ လာ ကြ လူ့ ဘ ၀ မယ်
လူ ဟူ သည် ကား
လူ ပီ သ ဖို့
လုံ့ လ မ လျော့
အား မ ပျော့ နဲ့
ဆူး ခင်း တဲ့ လမ်း
လျှောက် ကာ လှမ်း
အ ပြုံး မ ပျက် စ တမ်း ....
Snow Hninn
(19oct2015)
my own poem *113*
လေးလုံးစပ်ကဗျာ
*** ပျို့ နှင်း ဆီ ***
ပွင့် ဖတ် ရယ် နု နု
တ ယု တ ယ ကွယ် ပျိုး ကာ ထား
ငွား ငွား စွင့် ပွင့် နီ နီ
စီ ရ ရီ လှ ဟန် ၀င့်
တင့် တင့် တယ် ဂုဏ် ဆင့် မို့
ပျို့ နှင်း ဆီ မှာ ရိုး ဂုဏ် နှင့် စံ
ရန် စွယ် သွယ် သွယ် ကာ စေ ဖို့
ပျို့ နှင်း ဆီ ဆူး များ နှင့် ရံ
ပန် လို သူ ပန်း ချစ် သူ များ ရယ် ဖြင့်
ပွင့် ခွင့် ရယ် ပေး မ ခူး ကြေး ....
Snow Hninn
21 Oct 2015
10:45pm
my own poem *112*
*** အိမ် သို့ တမ်း ချင်း ***
မွေး မြေ ရ နံ့
ဝေး မြေ ရပ် က
တမ်း တမ်း တ တ
နွမ်း လျ လွမ်း လှ ...
စိတ် မှန်း ရယ် ဖြင့်
မြန်း မိ သည် မှာ
အ ခါ ခါ အ လီ လီ မို့
ဘယ် ခါ ရောက် လို့
ဌာ နီ သို့ မြန်း
အ ရောက် လှမ်း ကာ ဖြင့်
တ ခမ်း တ နား ကြီး
ပျော် ပါး ခွင့် ကား
ပိုင် ခွင့် ဆိုင် ခွင့် ရ မည် နည်း ....
Snow Hninn
(17oct2015)
my own poem * 111*
လေးလုံးစပ်ကဗျာ
*** ည နဲ့ ငါ ***

ည
ကြယ် တာ ရာ ၀န်း ရံ ခ ခြင်း မ ရှိ
လ မင်း စ န္ဒာ ကြွ မြန်း လာ ခြင်း လည်း မ ရှိ
မှောင် မဲ ခြင်း ဆို တဲ့ ဂုဏ် နဲ့ တင်
ည ဟာ ည ပီ သ နေ ပါ ပြီ ...
မှောင် ခြင်း အ တိ နဲ့
ဖိတ် လျှံ ထား တဲ့
က တ္ထီ ဘာ ည ရဲ့ ပီ ပြင် မှု ကို
သိ နား လည် လိုက် က တည်း က
ငါ
ငါ့ ဘ ၀ ငါ ပီ သ ဖို့
ပ ကာ သ န ဆို တဲ့ အ ပေါ် ယံ ဂုဏ် တွေ ကို
မက် မော လို စိတ် မ ရှိ တော့ ဘူး...
Snow Hninn
12 Aug 2015
12:09 Pm
12 Aug 2015
12:09 Pm
my own poem *108
Subscribe to:
Posts (Atom)