Tuesday, May 19, 2015

*** က ဗျာ ဆန် သူ များ ***

 


က

က ဗျာ တစ် ပုဒ် ကို
က ဗျာ တစ် ပုဒ် လို
က ဗျာ လမ်း မှာ
က ဗျာ ဆန် ဆန်
လှမ်း စေ ချင် တာ ကြောင့်
အ မှတ် တ မဲ့ ဖြစ် နေ တုန်း
အ သက် ယဲ့ ယဲ့ သွင်း လိုက် သည်


က ဗျာ ထဲ ကို
အ မုန်း ကျိန် စာ ကင်း ကင်း နဲ့
ချစ် ခြင်း လ င်္ကာ တွေ
လွမ်း ခြင်း ဋီ ကာ တွေ
နု နု ရွ ရွ လေး တွေ
တင် စား အ မွမ်း တင် လိုက် သည်
က ဗျာ ထဲ ကို
အ မှန် တ ရား တွေ
က ဗျာ ဆန် ဆန်
ရဲ ၀ံ့  စွာ ထည့် လိုက် သည်
က ဗျာ ထဲ ကို
စိတ် ကူး က မ္ဘာ နဲ့
လက် တွေ့ က မ္ဘာ ကို
ပေါင်း ကူး ကြိုး တံ တား လေး
က ဗျာ ဆန် ဆန်
အ လှ ဆင် သွယ် တန်း လိုက် သည်



က ဗျာ လေး
က ဗျာ သက် ရှိ လို
က ဗျာ ပီ ပီ ပြင် ပြင်
အ သက် ၀င် လာ သည်



က ဗျာ ကို
က ဗျာ ဖတ် သူ
ဆွဲ ဆောင် ခေါ် ယူ ဖို့
က ဗျာ စ ကား လုံး လှ လှ တွေ နဲ့
က ဗျာ ကို တန် ဆာ ဆင် နေ တုန်း
က ဗျာ ရေး သူ
က ဗျာ နောက် မျှော ပါ သွား ပြီး
က ဗျာ လို
က ဗျာ ဆန် သွား သည်



က ဗျာ မျှော် သူ ရေ
က ဗျာ လို
က ဗျာ ဖတ် ရင်း
က ဗျာ ဆန် ဆန်
က ဗျာ နောက် လိုက် ခဲ့ ပါ လား...


Snow Hninn
18 May 2015
4 45 pm
my own poem *105*

No comments: