Thursday, January 1, 2015

***နှစ် သစ် ဆု မွန် လွှာ***



ချစ် သော မိတ် ဆွေ
ချစ် သော သူ ငယ် ချင်း တို့ ရေ...

ချို ချဉ် ငန် စပ် ခါး
သ မ စုံ သည့် နှစ် ဟောင်း ကို နှုတ် ဆက် ကြ ရ အောင်...

ပျော် ရွင် ခဲ့ ရ တာ လည်း ပိုင် ဆိုင် ခဲ့ ရ သ လို
ခါး သီး မှု တွေ နဲ့ လည်း ရင် စီး ခံ ခဲ့ ကြ ရ လို့
ဘ ၀ မှာ တစ် နှစ် တာ ရင့် ကျက် ခဲ့ ရ ပြီ လေ....

၃၆၅ ရက် စာ သင် ခန်း စာ တွေ ရယ်
နိမ့် မြင့် မျဉ်း တွေ ရယ်
ဖြူ မဲ ဆေး တွေ ရယ်
သက် တံ ရောင် စုံ တွေ ရယ်
ရယ် သံ မှာ ငို သံ စွက် နေ တဲ့ အ သံ တွေ ရယ်
ငို သံ မှာ တမ်း တ ရှိုက် သံ လေး ရော နှော လျက် ရယ်
ပူ ပြင်း တဲ့ နေ ရောင် အောက် မှာ သံ ပု ရာ ရည် အေး အေး လေး သောက် ရ တဲ့ နေ့ တွေ ရှိ ခဲ့ တာ ရယ်
ချမ်း စိမ့် တဲ့ ည တွေ မှာ ကော် ဖီ ပူ ပူ လေး နဲ့ အ ဖော် ပြု ရ တဲ့ နေ့ တွေ ရယ်
အ ထီး ကျန် တဲ့ အ ရိပ် တစ် ကိုယ် တည်း လမ်း လျှောက် ထွက် ရ တာ မျိုး ရယ်
နှစ် လို အ ပြုံး တွေ ရယ်
မ တော် တ ဆ အ ရှုံး တွေ ရယ်
အိမ် မက် တွေ ပေါ် တည့် တည့် လျှောက် လှမ်း နေ ရ တာ ရယ်
တေ့ လွဲ အိမ် မက် တွေ ရယ် နဲ့
တစ် နှစ် တာ ဒ ဏ္ဍာ ရီ လေး လည်း
တစ် နှစ် စာ ပန်း ချီ ကား ပ မာ ပဲ ပေါ့.......

ချစ် သော မိတ် ဆွေ
ချစ် သော သူ ငယ် ချင်း တို့ ရေ...
စ ကြာ တစ် ခွင် အ လင်း ကို နေ မင်း က ပေး စွမ်း သ လို
ကိုယ် နဲ့ ကံ ဆုံ ကြ တဲ့ ဘ ၀ တွေ အ တွက်
ဒီ နှစ် သစ် မှာ
ကိုယ် ပိုင် အ စွမ်း နဲ့ အ လင်း ပေး ကြ နိုင် သူ တွေ ဖြစ် ကြ ပါ စေ...
ကြုံ လာ သ မျှ အ ခက် အ ခဲ တား ဆီး တွေ
ဒီ နှစ် သစ် မှာ
ပြုံး ပြုံး လေး နဲ့ ကျော် လွှား နိုင် ပါ စေ...
ဘ ၀ အိမ် မက် တွေ ပီ ပြင် ဖို့
အ ခွင့် အ လမ်း တွေ
ဒီ နှစ် သစ် မှာ
အ မြဲ ဆုံ ပါ စေ....
ကိုယ် ၏ ကျန်း မာ ခြင်း များ
စိတ် ၏ ကျန်း မာ ခြင်း တို့
ဒီ နှစ် သစ် မှာ
ပြည့် စုံ ပါ စေ...
ဒီ နှစ် သစ် ရဲ့ ဒဏ္ဍာရီ လေး ပြီး ပြည့် စုံ စွာ ရေး နိုင် ပါ စေ...
ကံ ကောင်း ပါ စေ....
ပျော် ရွှင် ပါ စေ...
မေ တ္တာ အ လင်း ရောင် ထွန်း လင်း ပါ စေ...
ကြင် နာ တ ရား များ ရှင် သန် ပါ စေ...
နား လည် စာ နာ မှု များ ရှိ နိုင် ကြ ပါ စေ...
အေး ချမ်း ပါ စေ...
ငြိမ်း ချမ်း ပါ စေ...
မ င်္ဂ လာ အ ပေါင်း နှင့် ပြည့် စုံ ကြ ပါ စေ...
ချစ် သော မိတ် ဆွေ
ချစ် သော သူ ငယ် ချင်း တို့ ...










Snow Hninn
1 Jan 2015
my own poem *101*

No comments: