Friday, December 19, 2014

***စိတ် (၈)***



ဒီလိုတွေ ဒီလိုတွေ
လက်ဆွဲနှုတ်ဆက်ကြ
အပြုံးမပျက်ကြ
လူတွေ လူတွေ
စိတ်မပါဆုံး ဟန်ဆောင်မှုကို
စိတ်အပါဆုံး ဟန်ပါပါလုပ်ကြ
အသက်မပါတဲ့အပြုံးနဲ့
ဘောင်ခတ်ပြီး နေ့ရက်တွေကို
လက်ဆွဲနှုတ်ဆက်ကြ
ကတုံးပေါ်ထိပ်ကွက်ရင်း
ထိပ်ကွက်မှာကတုံးရိပ်လိုက်ကြ
နင်းရင်းတက်ကြ
တက်ရင်းနင်းကြ
လူတွေလူတွေ
အခိုးအငွေ့အဖြစ်နဲ့
အပြီးသတ်ရတာခြင်းအတူတူ
မက်မောလိုက်ကြတာ
အဆုံးမသတ်
လေလွင့်လာတဲ့သစ်ရွက်ကြွေတွေတောင်
မြေသြဇာအဖြစ်အသုံးဝင်နေသေးရဲ့
ကဲ....
လောဘတွေ မောဟတွေ ဒေါသတွေနဲ့
အသက်ဆက်ပြီး လူလုပ်နေတဲ့
ဟေ့......
ဘယ်နေရာမှာ ဘာအသုံးဝင်နေလို့တုန်း
အော်
ဒီလိုတွေ ဒီလိုတွေ
လက်ဆွဲနှုတ်ဆက်ကြ
အပြုံးမပျက်ကြ
လူတွေ လူတွေ.....................

Snow Hninn
18/Dec/2014
7:29:59
my own poem*94*

No comments: