Friday, December 19, 2014

***စိတ် (၆) ***



တိမ်တွေနဲ့ချည်နှောင်မိတဲ့ဒီစိတ်
လွင့်ချင်ရာလွင့်
မျောချင်ရာမျောနေတယ်...

စုံမှိတ်မိတဲ့
မျက်ဝန်းအစုံဟာလည်း
ပုံရိပ်တစ်ချို့ကြီးစိုးနေတယ်...

အနက်ရှိုင်းဆုံး
ဟိုး...နှလုံးသားကနေ
တိုးဝင်လာတဲ့အတိတ်တွေဟာ
ပါးပြင်လေးပူနွေးစွတ်စိုလာရုံလေးသာ
မှတ်မှတ်ထင်ထင်ဖြစ်နေမိတာပါ...

တွေးမိတိုင်းပြုံးမိလိုက်ရသလို
တွေးမိတိုင်းမှိုင်တွေမိပြန်ပါတယ်
အခါခါထပ်နေတဲ့အိမ်မက်တွေနဲ့
နေသားကျနေတဲ့
ညတွေနောက်မျောလွင့်နေမိတာ
မိုးအလင်းမှာ
သတ်ပုံတွေမှားနေမှန်းသိလိုက်ရတာ
ဒီအလွမ်းတွေပါ.........
Snow Hninn
13Dec2014 
3:00PM
my own poem*92*

2 comments:

  1. ကဗျာ တွေ က တော့ ကောင်းပါတယ် ဒါပေမယ့်
    ခံစားချက် တွေ က နည်းနည်းလေး ပေါ့ နေ သလား လို့

    ReplyDelete
  2. တိမ်တိုက်တွေကမြော်လွင့် နေပါမယ်
    သူကိုချစ်နေတဲ့ အချစ်တွေကတော့
    ဘယ်သောအခါမှလွင့်မြော်သွားတယ်မရှိ
    ၇င်ထဲကလာတဲ့ အချစ်ပါ
    အဲဒီအချစ်တွေက ကမ္ဘာပျက်သွားပါစေ
    မပြောင်လွဲ တည်လျှက်ပါကွာ
    ကိုယ်ကတစ်ဖက်
    သူကသိလျှက်တစ်စိမ်းဆက်နေတော့
    တစ်ယောက်သောရင်ဝေနာတွေနဲ့ ပေါ့ ....။






































































    ReplyDelete