Friday, November 28, 2014

***စိတ် (၃) ***


 




















ငါ့ အိမ် မက် ပန်း ချီ ကို
စိတ် လို လက် ရ ခြယ် မှုန်း ခဲ့ တယ်
အိပ် ငိုက် နေ တဲ့ ကံ ကြောင့်
ငါ့ ဆေး တွေ ကုန် သွား တယ်
ခေါက် ချိုး မ ညီ တဲ့ အ ခွင့် အ လမ်း တွေ က
ပွတ် ကာ သီ ကာ နဲ့ လွဲ သွား သေး တယ်
ငို ချင် လျက် က ရယ် မော နေ ခဲ့ ရ တယ်
ဝမ်း နည်း ခြင်း ကို အ ပြုံး မျက် နှာ ဖုံး နဲ့
နေ့ ရက် တွေ ကို ပျော် ပျော် ရွှင် ရွှင် သ ရုပ် ဆောင် ပြ နေ ရ တယ်
ဘ ၀ ခါး ခါး တွေ ကို
မိုး ခါး ရေ တွေ နဲ့ ရော သောက် နေ မိ တယ်
ဘ ၀ ဆို တဲ့ ဇာတ် လမ်း မှာ
ကိုယ် တိုင် က ကိုယ် တိုင် ပါ ၀င် ရ တဲ့
အ ဓိ က ဇာတ် ဆောင် ပေ မို့
အ သက် ရှင် နေ သ ရွေ့
ဇာတ် သိမ်း ခန်း မ ရောက် သေး ပါ ဘူးးး
ဇာတ် သိမ်း ကောင်း တဲ့ ဇာတ် လမ်း လေး ဖြစ် ဖို့
မျှော် လင့် ချက် တွေ နဲ့ အ ရောင် တင် ထား တဲ့
အိမ် မက် ပန်း ချီ ကား ကို
အ ရောင် စုံ တဲ့ အ တား အ ဆီး တွေ နဲ့
ဆက် လက် ခြယ် မှုန်း ရ ပေ ဦး မည် မို့
ကိုယ့် ကို အား ပေး တဲ့ အား ဆေး တွေ
ဒီ က ဗျာ မှာ ငါ ဆေး ထိုး လိုက် တယ်
ဒီ က ဗျာ နဲ့ အ တူ ဇာတ် သိမ်း ထိ သွား မယ်.........




Snow Hninn
my own poem*88*
26.11.2014

No comments: