Friday, November 28, 2014

***စိတ် (၁)***


လေ လွင့် နေ တဲ့ စိတ် ကို
လှ လှ ပ ပ ဘောင် ကွပ်
အ နား သတ် ဖို့ လို လို့ လားးး

လို လို လား လား နဲ့
ခြေ ရာ ဖျောက် နေ တဲ့
အိမ် မက် တွေ က လည်း
အ စ တောင် ရှာ မ ရ တော့ ဘူးးးးးး

စိတ် နဲ့ အိမ် မက် တွေ ဟာ
ပြ ဒါး တစ် လမ်း သံ တစ် လမ်း နဲ့
စိတ် ပါ လက် ပါ မျဉ်း ပြိုင် နေ တယ်....

ပျံ့ လွင့် နေ တဲ့ ဆ န္ဒ တွေ ဟာ
ကိန်း အောင်း နေ တဲ့ ရင် ထဲ က နေ
ရေ ကြည် ရာ မြက် နု ရာ ကို
လမ်း တ လား နေ ကြ ပြီး
ရေ ထိုး ထား သ လို
ပေါ့ လျော့ နေ လေ ရဲ့.............

ဖြစ် ကို ဖြစ် ရ မယ် ဆို တဲ့ စ ကား က
ကြွား လုံး အ ဘိ ဓာန် မှာ မြောက် ကြွ မြောက် ကြွ
ပုံ ဖော် ဖန် တီး ရ အောင် လည်း
ဆေး ကုန် နေ တဲ့ ပန်း ချီ ဆ ရာ လို
အား မ လို အား မ ရ နဲ့
အ ပြစ် တင် စ ရာ ဆို ယိုး မယ် ဖွဲ့ နေ ကြ
ကံ တ ရား ကို ပဲ လက် ညှိုး ထိုး ဖို့
စဉ်း စား လို့ ကောင်း နေ တုန်း...............

~နေ ၀င် တယ် ဆို တာ
က မ္ဘာ တစ် ဖက် ခြမ်း တင် ပါ
တစ် လော က လုံး မှောင် ကြ သွား တာ မှ မ ဟုတ် တာ
က မ္ဘာ မြေ ကြီး ကို ခြေ ကန် ရပ် နေ ကြ တဲ့
မင်း ရဲ့ ဟိုး ဘက် ခြမ်း က လူ တွေ တွက် တော့
နေ ထွက် ချိန် ပဲ လေ ဆို ပြီး ~
ကိုယ့် ကို အား ဆေး ထိုး နေ ရ လည်း
အ ကြိမ် ကြိမ် ကျ ရှုံး နေ ဆဲ ပဲ.............

လေ လွင့် နေ တဲ့ ငါ့ စိတ်
ဘောင် သတ် ဖို့ တော့ ငါ မ ကြိုး စား ခဲ့ ပါ ဘူးး
မျှော် လင့် ခြင်း တွေ တောက် နေ တဲ့ င့ါ အိမ် မက် ဆီ
လွတ် လပ် စွာ လွင့် မျော ခွင့် လေး ငါ ပေး ထား မယ်
...........


Snow Hninn
my own poem*86*
25.11.2014

No comments:

Post a Comment