နေ့ စဉ် မ နက် ခင်း ဟာ
တစ် နေ့ တာ အ စီ အ စဉ် နဲ့ သာ
အာ ရုဏ် တက် ခဲ့
အ ဆာ ပြေ စား သ လို
အာ သာ တော့ မ ပြေ တာ
ကျိန်း သေ လို့ နေ ဆဲ
ပြာ လွင် လွင် ပြင် ကျယ် ကြီး မှာ
သူ ရိန် ၀ိုင်း လေး
အ မော တ ကော ပြေး နေ တာ က မှ နှေး နေ ဦး မယ်
မှုန် ပြ ပြ လော က ပြင် ကျယ် မှာ
အ ည တ ရ ငါ က
ပြေး နေ ရ တာ
ဘ ၀ တွေ တောင် အ မော ဆို့ တယ်....
တစ် ဖြုတ် ဖြုတ် ကြွေ သွား တဲ့
ဖြစ် ချင် မှု ဆ န္ဒ တွေ မှာ
လုပ် နေ မိ တဲ့ ဖြစ် သင့် တာ တွေ နဲ့ ပဲ
၃ ၆ ၅ ရက် လုံး ဝေ ဆာ စိမ်း လန်း နေ ရ တယ်
အ ပြုံး အ ငို
အ ပို အ လျော့
အ ပေါ့ အ လေး
အ မေး အ ဖြေ
ဆင်း ရဲ ချမ်း သာ
မ ညီ မျှ ခြင်း တွေ ပေါင်း စပ် ထား တဲ့
ဘ ၀ သီ အို ရီ ကြား
ဒု က္ခ ကို သု ခ နဲ့ အ စာ သွပ် ရင်း
မျှော် လင့် ခြင်း လ ရောင် ဆမ်း နေ တဲ့
ဆူး ခင်း လမ်း ပေါ်
အ ပြုံး မ ပျက် ငါ လျှောက် လှမ်း တယ်......
တစ် ထွာ တာ တာ သ မု ဒ္ဒ ရာ အ တွက်
ဘ ၀ ကျော ပြင် ကြီး က
နေ ပူ ဒဏ် ခံ ရ တာ ထက် ပို ပူ ပြင်း တယ်
အ တိတ် က လို အပ် ချက် တွေ ကို
သင် ခန်း စာ နဲ့ စား
ရ လဒ် ကို
ပ စ္စု ပ္ပန် မှာ မျှော် လင့် ချက် တွေ နဲ့ ထပ် မြှောက်
အ နာ ဂတ် မှာ အိပ် မက် ပန်း တိုင် အ ဖြေ ထုတ် ရင်း
ကောက် နေ တဲ့ ဘ ၀ လမ်း ကို
ဖြောင့် သော စိတ် နဲ့
မ လျော့ သော စိတ် ဆ န္ဒ နဲ့
တစ် လှမ်း ချင်း
တစ်...လှမ်း...ချင်း.....
တစ်.....လှမ်း.....ချင်း.....
တစ်........လှမ်း........ချင်း.....
တစ်................လှမ်း...............ချင်း............သာ............
တစ်................လှမ်း...............ချင်း............ငါ..........လျှောက်........လှမ်း...........ဆဲ........................

Snow Hninn
my own poem*81*
1.10.2014
***တစ်.....လှမ်း.....ချင်း.....သာ....***
No comments:
Post a Comment