မြေပြင်ရင်ခွင်ဟာ
ပေးဆပ်ခြင်းတွေဖြင့်သာ
ရှင်သန်နေတာမို့
စွန့်ခွာသူရေမှုန်တွေဟာ
သူနှစ်သက်ရာဖက်ရှင်စုံနဲ့
သူပျော်မယ်ဆိုပြီးရွေးချယ်ခဲ့သော
ကောင်းကင်ရင်ခွင်မှာ
အပျော်ကြီးပျော်နေလိုက်တာ
အရှေ့ကတိမ်ဖြူဖြူတွေ
အနောက်ယုဂန်စွန်းထိရောက်အောင်
ကွေးနေအောင်ကနေလိုက်တာများ
ပြာလွင်လွင်ကောင်းကင်ရင်ခွင်မှာ
တိမ်ဖြူလွှလွှတွေစီးမြောနေဆဲပေါ့....
ပေးဆပ်ခြင်းတွေဖြင့်သာ
ရှင်သန်နေတာမို့
စွန့်ခွာသူရေမှုန်တွေဟာ
သူနှစ်သက်ရာဖက်ရှင်စုံနဲ့
သူပျော်မယ်ဆိုပြီးရွေးချယ်ခဲ့သော
ကောင်းကင်ရင်ခွင်မှာ
အပျော်ကြီးပျော်နေလိုက်တာ
အရှေ့ကတိမ်ဖြူဖြူတွေ
အနောက်ယုဂန်စွန်းထိရောက်အောင်
ကွေးနေအောင်ကနေလိုက်တာများ
ပြာလွင်လွင်ကောင်းကင်ရင်ခွင်မှာ
တိမ်ဖြူလွှလွှတွေစီးမြောနေဆဲပေါ့....
အသံတိတ်တွေနဲ့
ဆူညံနေတဲ့
မြေပြင်ရင်ခွင်ရဲ့
တမ်းတကြေကွဲနေမှုကို
တမင်လျစ်လျူရှုနေသလား
တကယ်ပင်မသိရော့လား
တိမ်ဖြူလွှာရေ
ရက်စက်တယ်လို့
ငါမဆိုချင်ပါဘူး
နင်ပျော်မယ်ဆို
ငါတိုးတိတ်စွာနဲ့သာ
နင့်တွက်ဆုတောင်းပေးနေဦးမှာပါ...
ဆူညံနေတဲ့
မြေပြင်ရင်ခွင်ရဲ့
တမ်းတကြေကွဲနေမှုကို
တမင်လျစ်လျူရှုနေသလား
တကယ်ပင်မသိရော့လား
တိမ်ဖြူလွှာရေ
ရက်စက်တယ်လို့
ငါမဆိုချင်ပါဘူး
နင်ပျော်မယ်ဆို
ငါတိုးတိတ်စွာနဲ့သာ
နင့်တွက်ဆုတောင်းပေးနေဦးမှာပါ...
ငါ့ကိုတစ်နေ့
နင်ပြန်လိုအပ်လာရင်လည်း
ငါ့ဆီမှာနင်ရင်ဖွင့်ချင်တယ်ဆိုရင်လည်း
ငါ့ဆီမှာနင်ပြန်နေချင်တယ်ဆိုလည်း
ငါ့ဆီမှာနင်ခြေဦးတည့်ချင်တယ်ဆိုလည်း
ငါ့ဆီမှာနင်.........
နင်ဖြစ်ချင်သမျှ
အကုန်လုံးငါလုပ်ပေးမှာပါ.....
နင်ပြန်လိုအပ်လာရင်လည်း
ငါ့ဆီမှာနင်ရင်ဖွင့်ချင်တယ်ဆိုရင်လည်း
ငါ့ဆီမှာနင်ပြန်နေချင်တယ်ဆိုလည်း
ငါ့ဆီမှာနင်ခြေဦးတည့်ချင်တယ်ဆိုလည်း
ငါ့ဆီမှာနင်.........
နင်ဖြစ်ချင်သမျှ
အကုန်လုံးငါလုပ်ပေးမှာပါ.....
တိမ်ဖြူတွေငိုရင်
ငါစိတ်တွေကယောက်ကယက်နဲ့မို့
မငိုပါနဲ့မပြိုပါနဲ့လို့ဆိုချင်ပေမယ့်
ငါ့ရင်ခွင်တစ်ခုလုံးဟာ
နင့်အတွက်ပဲမို့
နင်ခံစားရမယ့်တစ်နေ့
နင်ရင်ဖွင့်ချင်တဲ့တစ်နေ့
နင်ငိုချလိုက်တဲ့
မိုးတွေကို
ငါ့မြေပြင်ရင်ခွင်တစ်ခုလုံး
ငါစိတ်တွေကယောက်ကယက်နဲ့မို့
မငိုပါနဲ့မပြိုပါနဲ့လို့ဆိုချင်ပေမယ့်
ငါ့ရင်ခွင်တစ်ခုလုံးဟာ
နင့်အတွက်ပဲမို့
နင်ခံစားရမယ့်တစ်နေ့
နင်ရင်ဖွင့်ချင်တဲ့တစ်နေ့
နင်ငိုချလိုက်တဲ့
မိုးတွေကို
ငါ့မြေပြင်ရင်ခွင်တစ်ခုလုံး
အကုန်ခံစားနားလည်ပေးမှာပါ......
Snow Hninn
23.5.2014
my own poem*66*
***ပေးဆပ်ခြင်းဖြင့်သာ***
No comments:
Post a Comment